ကျွန်တော်တခါတုန်းက စက်ထဲကအရေးပါတဲ့ဖိုင်တွေကို Shift+Delete နဲ့မှားဖြတ်မိလို့
သွားပီဆိုပီး စိတ်ဓါတ်ကျဖူးတယ်ဗျ ဒါပေမဲ့ Google ကနေ ရှာကြည့်တော့ ပြန်ရှာလို့ရတဲ့ဆော့ဝဲ
လေးတွေအများကြီးရှိမှန်းသိခဲ့ရတယ် အဲဒီဆော့ဝဲတွေအများကြီးထဲကနေ စက်ထဲမှာလဲသိပ်မလေးဘူး
ဘာ Key မှလဲထည့်ပေးစရာမလိုတဲ့ဆော့ဝဲလေးကိုချစ်ပရိတ်သတ်အတွက် မျှဝေပေးလိုက်တယ်ဗျာ
Shift+Delete ပေးပီးမှားဖျက်မိတဲ့
File တွေ Photos တွေနဲ့ အရေးကြီး Data တွေကို ပြန်ရှာပေးပါတယ်ရှာ ပုံရှာနည်းလေးရောကျွန်တော်
ပြလိုက်ပါ့မယ် မခက်ပါဘူး ဆော့ဝဲလေးကိုအရင်ဒေါင်းလိုက်ဗျာ
ဒေါင်းလိုက်ချထားတဲ့ဆော့ဝဲလေးကို ရမ်းလိုက်ဗျာ ရမ်းလိုက်တာနဲ့အောက်ကပုံလေးအတိုင်း
ပေါ်လာပါလိမ့်မယ်
ပေါ်လာတဲ့ပုံလေးမှာ ကိုယ်မှားဖြတ်လိုက်တဲ့ဖိုင်ဟာ ဘယ်ထဲကနေဖျက်လိုက်တာလဲဆိုတာတော့သိ
ရပါ့မယ် ဥပမာဗျာ C ထဲကဖိုင်လား (or) D ထဲကလားဆိုတာကိုတော့သိထားရပါမယ် ထားပါတော့
မိမိက F drive ထဲက File ပဲဖြစ်ဖြစ် Photos တွေပဲဖြစ်ဖြစ် မှားဖျက်လိုက်တယ်ဆိုရင် Select driver
မှာ F -Drive လေးကိုရွေးပေးလိုက်ပါ အောက်မှာပုံနဲ့ပြထားပါတယ်
ရွေးပီးသွားရင်တော့ Ok နိုပ်လိုက်တာနဲ့အောက်ကပုံလေးကျလာပါလိမ့်မယ် တကယ်လို့ မိမိရွေးလိုက်တဲ့
Drive မှာဖျက်ထားတဲ့ file တွေမရှိရင်ဘာမှပြမှာမဟုတ်ပါ ရှိနေရင်တော့
အောက်ပါပုံလေးအတိုင်းပြပါလိမ့်မယ်
အဲဒီမှာကိုယ် ဖျက်မိသွားတဲ့ဖိုင်လေးတွေကိုကလစ်ပေးပါ ပီးရင်တော့ Unerase ကိုကလစ်လိုက်ရင်
ခုနကိုယ်ပြန်ယူမဲ့ဖိုင်ဟာဘယ်မှာ Save မှာလဲလို့မေးပါလိမ့်မယ် မိမိကြိုက်တဲ့နေရာရွေးပီး Ok လိုက်
ရင် မိမိမှားဖျက်ထားတဲ့ ဖိုင်လေးတွေကိုနဂိုအတိုင်းပြန်ရမှာဖြစ်ပါတယ်
အောက်မှာပုံလေးနဲ့ထပ်ပြထားတယ်
ကဲအားလုံးပဲအဆင်ပြေကြပါစေဗျာ
အချစ်မြို့တော်ဝန်
0 comments:
Post a Comment
Comment ပေးချင်သော သူငယ်ချင်းများအောက် က Comment as မှာ (Anonymous)
ကိုရွေးပေးရမှာဖြစ်ပါတယ် " ပရိတ်သတ်ရဲ့ Comment တစ်ခုဟာ ပို့စ်အသစ်
တင်ဖို့အတွက်အားအင်တစ်ခုပါ".....ကျေးဇူးတင်လျှက် (အပြုံးတစ်ချက်)