သူငယ်ချင်းတို့ သိတဲ့အတိုင်းပဲ သင်္ကြန်နားနီးပြီဆိုရင်ပဲ ထီဆိုင်တွေက သင်္ကြန်သီချင်းတွေဖွင့်၊ ဟိုလ္ဘက်ရည်ဆိုင်က သင်္ကြန်သီချင်းဖွင့်လိုက်နဲ့ လမ်းလျှောက်ရင်းပဲ ထကရတော့မလိုလို အဖြစ်မျိုးတွေ ဖြစ်ဖူးကြမှာပါ ... ဒါတောင် ကြည်ဖြူက သင်္ကြန်ကို လည်တတ်တဲ့သူ မဟုတ်ဘူးလေ ... ဒါပေမယ့် မြန်မာ့နှစ်သစ် အထိမ်းအမှတ်ဖြစ်တဲ့ အတာသင်္ကြန်ကိုတော့ ချစ်တယ် ( ရုံးတွေ ပိတ်လို့ ... စတာ ... အိမ်ပြန်ရလို့ ... ဟုတ်ဘူး ... အိမ်မှာ အနားယူရလို့ ... ဟုတ်ပေါင် ... သိတော့ဘူး ... ဘာမှန်းတော့ သိဘူး ... သင်္ကြန်ရောက်ရင် ငယ်ငယ်ကတည်းက သိပ်ပျော်တယ် ... ) ... အခုတော့ သင်္ကြန် အိမ်ပြန်လို့ လမ်းပေါ်မှာ ကလေးတွေ ဆော့နေတာကို ကြည့်ရင်းနဲ့ပဲ ပျော်ရွှင်နေရတောတယ် ... သင်္ကြန်သီချင်းဆိုရင် ဦးဇော်ဝမ်းရဲ့ ဆိုဟန်တွေ၊ သီချင်းတွေကို သဘောအကျဆုံးပဲ ...
ပြောရင်းနဲ့ ကလေးဘ၀က သင်္ကြန်အချိန်အခါလေးကို လွမ်းမိလာတယ် ... ကြည်ဖြူငယ်ငယ်တုန်းက ဖေဖေက အိမ်ရှေ့မှာ နှစ်တိုင်း အုန်းလက် မဏ္ဍပ်လေးဆောက်ပေးတယ် ... ကြည်ဖြုတို့ မောင်နှမ နှစ်ယောက်အတွက် ... မဏ္ဍပ်နာမည်လေးကို ကြွားရဦးမယ် ... ဟဲ ... သိပ်လှတာနော် နာမည်ခိုးမသွားနဲ့ဦး ... "ညစ်ကျယ်လေးများ အဖွဲ့" တဲ့ ... ဒီနာမည် ရလာတာက ပေါ့သေးသေးတော့ မထင်နဲ့နော် ... အိမ်ရှေ့လာတဲ့သူတွေ တစ်ယောက်မှ အလွတ်မပေးဘူး ... ချိုင့်တွေပါတဲ့ ဥပုသ်စောင့် ဒေါ်ကြီး၊ ဒေါ်လေး၊ အဘိုး၊ အဘွားတွေက လွဲရင် ... ဒါတောင်
မလောင်းနဲ့နော် ကလေးတို့ ... ဥပုသ်ကျောင်းသွားရမှာမို့လို့ ပြောလွန်းလို့ ... ဟင်းးးးး ... ဒါအပြင် ဖေဖေ အော်မှာကိုလည်း ကြောက်လို့ ... ပြောမရလို့ စိတ်တိုပြီး ရေပေးမဆော့မှာ ကြောက်ရတယ်လေ ... အိမ်မှာ ရှိနေတဲ့ ဖေဖေ၊ မေမေ၊ လူပျိုကြီး ဦးလေး၊ အပျိုကြီး အန်တီတွေအပြင် အစ်ကိုတွေ အစ်မတွေကိုလည်း တစ်ယောက်မှ အလွတ်မပေးဘဲ ရအောင် ရေလောင်းတယ်လေ ... ဟဲဟဲ ... ကြည်ဖြူတို့ မောင်နှမ နှစ်ယောက် သိပ်မဆိုးပါဘူးနော့ ... ဒါ့အပြင် မောင်လေးကလေ အဲတုန်းက အသက် ၈၀ ကျော်တဲ့ ဘွားဘွားကြီးကိုတောင် အလွတ်မပေးဘဲ ရေလောင်းခဲ့တာ ... ဒါကြောင့် ညစ်ကျယ်လေးများ ဆိုတဲ့ ၀ိသေသကို ပိုင်ဆိုင်ခဲ့ကြတယ် ...
အဲတုန်းက အတူတူ ရေကစားခဲ့တဲ့ သူငယ်ချင်းတွေတောင် တာဝန်ကိုယ်စီနဲ့ တနယ်စီမှာ ပြန်ဆုံဖို့ ဝေးနေကြပါပြီကောလေ ... ကဲ သူငယ်ချင်းတို့ရေ ကြည်ဖြူ ကလေးဘ၀ကို ပြန်သတိရမိသလိုပဲ သူငယ်ချင်းတို့လည်း ကိုယ့်သက်ဆိုင်ရာအကြောင်းလေးတွေကို ပြန် သတိရမိကြမယ် ထင်ပါရဲ့ ... အရင်တုန်းက အတူပျော်ခဲ့ကြတဲ့ ကလေးဘ၀က သူငယ်ချင်းတွေကိုလည်း အဆင်ပြေပါစေကြောင်း ဆုတောင်းပေးရင်းနဲ့ ကြည်ဖြူရဲ့ နှစ်သစ်မင်္ဂလာ ဆုတောင်းတီးလုံးသံလေးနဲ့အတူ မြန်မာ့နှစ်သစ် သင်္ကြန်အခါကို ကြိုဆိုလိုက်ကြရအောင်နော် ...
5:25 PM
ကြည်ဖြူ




