Saturday, January 28, 2012

"ရောက်တိ ရောက်ရာ စေတနာ"

 "ပထမဦးဆုံးနေနဲ့ "စေတနာ"၏ အကျိုးကျေးဇူးအကြောင်းလေးရဲ့ ပုံဝတ္ထုတိုလေးကို ရှာဖွေရေးသားလိုက်ပါတယ် ...................."
   ပုံဝတ္ထုတိုလေးကတော့..............   


    တောရွာတစ်ရွာ၌ သူဆင်းရဲ ထင်းခွေသမားတစ်ယောက် ရှိ၏။ထိုသူ၏ ဇနီးမှာ စိတ်သဘောထားကောင်း
မွန်သူဖြစ်၏။ ထင်းခွေသမား လင်မယားသည် တနေ့လုပ်တနေ့စား သာဖြစ်၍ ဥပုသ်သီတင်းသီလမဆောက်
တည်နိုင်ပဲ ရှိချေ၏။ တနေ့သ၌ အခါရက်တစ်ရက်နှင့် ကြုံကြိုက်၍ ဇနီးသည်က အနီးရှိမြို့မှ တန်ခိုးကြီးစေတီ
အား သွားရောက်  ဖူးမြော်ရင်း ဥပုသ်သီတင်း တည်ဆောက်လိုသည်ဟု ခင်ပွန်းသည်အား ပြော၏။ ထင်းခွေ
ယောကျာ်းက   "တို့လင်မယား တနေ့လုပ်မှ တစ်နေ့ စားရတာ၊   အူမ မတောင့်လို့     သီလမစောင့်နိုင်ဘူး၊ မင်းကရောက်ဖူး    ရှိအောင် လူကြုံ နဲ့ ဘုရားဖူးလိုက်သွားပေါ့"   ဟုဆိုသဖြင့် ဇနီးသည် လည်း   သဘော တူညီကာ လူကြုံ ကောင်းသည်နှင့် တန်ခိုးကြီးစေတီ ဖူးမြော် ရန်မြို့သို့လိုက်လာခဲ့၏။
    မြို့ပေါ်ရှိ တန်ခိုးကြီးစေတီသို့ရောက်လျှင်ဘုရားရင်ပြင်ပေါ်မှ ရဟန်းတစ်ပါးထံတွင်   သီလယူကြလေ၏။ သို့ရာတွင် ထင်းခွေယောက်ျား၏ ဇနီးသည်မှာ သီလပေးမဆိုတတ်သဖြင့် " ဘုရား၊ ဘုရား " ဟူ၍သာနူတ်မှ  လိုက်ဆိုရှာ၏။  ထို့နောက် ဘုရား ရင်ပြင်တော်၌ ရွာမှ ချမ်းသာကြွယ်ဝသူ မြေပိုင်ရှင် သူဌေး  ကတော်ကြီး ပုတီးစိတ်နေသည်ကို တွေ့ရှိသဖြင့်  မိမိလည်း ပုတီးစိပ်လိုသော ဆန္ဒေ ပ်ါပေါက်လာလေ၏။ ထို့ကြောင့် သူဌေးကတော်ကြီး ထံသို့ကပ်ကာ  "သူဌေးကတော်ကြီးရယ် ပုတီးဘယ်လိုစိပ်ရမယ် ဆိုတာသင်ပေးစမ်းပါ၊
ကျုပ်လဲ ပုတီးစိပ်ချင်လို့ပါ " ဟုဆို၏။  သူဌေး   ကတော်ကြီးသည် ဟန်ပန်    မျက်နှာထားဖြင့် မကြားသလို ပြုလုပ်နေ၏။ ထင်းခွေသမား ဇနီးသည်က ပုတီးစိပ် သင်ပေးပါရန်ထပ်မံ ပြောကြားမှ "   ညဉ်းတို့က ပုတီး   
တောင် မစိပ်တတ်ဘဲ ဥပုသ်စောင့်  ချင်တာကိုး၊  ရပါလိမ့်မယ် ကုသိုလ်တွေ "  ဟုပြောဆိုပြီးမှ  " ဒီလောက် ပုတီးစိပ်ချင်ရင် ရောက်တိ ရောက်ရာ ၊ရောက်တိ ရောက်ရာ လို့ စိပ်ပေါ့အေ့" ဟူ၍  ဆိုလေ၏။
    ထင်းခွေယောက်ျား၏ ဇနီးသည် လည်း သူဌေးကတော်ကြီး သင်ကြားပေးသည်ကို အဟုတ်ထင်မှတ်ကာ သဒ္ဓါကြည်ညိုစွာဖြင့် " ရောက်တိ ရောက်ရာ ၊ရောက်တိ ရောက်ရာ" ဟူ၍ေ ရရွတ်ကာ  ပုတီးစိပ်လေ၏။ ထင်းခွေယောက်ျား၏ ဇနီးသည် ပုတီးစိပ်နေသည့် အနား၌ မြေတွင်းတစ်တွင်း  ရှိ၏။ ထိုမြွေတွင်း၌  မြွေသူ
တော်ကောင်း နေထိုင်၏။ ထိုမြွေသူတော်ကောင်းသည် အခါရက်များ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ပြီး
မကောင်းသူကိုပယ်၊ ကောင်းသူကို ကယ်တင်လေ့ရှိ၏။ မြွေသူတော်ကောင်းလည်း ထင်းခွေယောက်ျား၏ ဇနီးသည် စိတ်သဘောကို နှစ်သက်သဘောကျ၍ " ဒီ သူငယ်မလေးဟာ ရတနာ သုံးပါးကို အမှန်ကြည်ညို
လေးစားသူ ဖြစ်တယ်၊ ဒီလိုစိတ် သဘောကောင်းတဲ့သူမျိုး ကူညီလေမှပဲ " ဟူ၍ နှလုံးသွင်းကာ မြွေတွင်းထဲရှိ
ငွေများကို ထင်းခွေယောက်ျား ဇနီးသည်အနား၌ တစ်ခုစီ ပုံချထားလေ၏။
     ထင်းခွေသမားဇနီးသည်လည်း  " ရောက်တိ ရောက်ရာ" ဟူ၍ မျက်စိမှိတ်အာရုံပြုကာ ပုတီးစိပ်နေရာမှ 
အဓိဌာန်စေ့သဖြင့်  မျက်စိဖွင့်ကြည့်လိုက်ရာ   ငွေပုံကိုတွေ့ရှိ၍  အံ့သြသွားလေ၏။ သို့သော် " ထိုက်တန်လို့ ရတဲ့ငွေပဲ " ဟူ၍ ယူဆကာ ငွေပုံကိုယူပြီး အိမ်သို့ဝမ်းသာ အားရစွာဖြင့် ပြန်သွားလေ၏။
     ထင်းခွေယောက်ျားဇနီးသည် သတင်းကို ကြားသိလေလျှင် မြေပိုင် ရှင် သူဌေးကတော်ကြီးလည်း လော
ဘဇောတိုက်ကာ  ဘုရားသို့သွားရောက်၍  ထင်းခွေယောက်ျားဇနီးသည်  ပုတီးစိပ်ခဲ့သည့်  မြွေတွင်းအနီး၌ ထိုင်လေ၏။ ထို့နောက် " ရောက်တိ ရောက်ရာ၊ ရောက်တိရောက်ရာ " ဟူ၍ မျက်စိမှိတ်ဟန်ဆောင်ပြီး ပုတီး
စိပ်လေ၏။  မြွေကြီးလည်း "   ဒီလောက် လောဘဇောတိုက်တဲ့   မိန်းမကြီး   လူ့ပြည်ထားလဲ ပိုနေမယ် " ဟု သဘောထားကာ ပေါက်သတ်လိုက်ရာ သူဌေးကတော်ကြီးမှာ " ရောက်တိရောက်ရာ၊ ရောက်တိရောက်ရာ"
ဟူ၍ ရေရွတ်ရင်း အသက်ပျောက်ရလေသတည်း။
           ဆောင်ပုဒ်လေးကတော့  -
                          စေတနာတန်ခိုး
                          သဒ္ဓါ တိုး
                          အကျိုးပေးမည်မှတ်။       
          " ကဲ ဒီပုံဝတ္ထုတိုလေး ကတော့ ဒီလောက်ပါပဲ ခင်ဗျာ ပျော်ရွှင်ချမ်းမြေ့ပါစေ.............."
                                                                                                          " ဖိုးသားလေး"


0 comments:

Post a Comment

Comment ပေးချင်သော သူငယ်ချင်းများအောက် က Comment as မှာ (Anonymous)

ကိုရွေးပေးရမှာဖြစ်ပါတယ် " ပရိတ်သတ်ရဲ့ Comment တစ်ခုဟာ ပို့စ်အသစ်

တင်ဖို့အတွက်အားအင်တစ်ခုပါ".....ကျေးဇူးတင်လျှက် (အပြုံးတစ်ချက်)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hosted Desktop