Monday, January 30, 2012

ဝလုံးလေးတော့ လွမ်းစေလို

ကျွန်တော် ငယ်ငယ်က မြတ်ဆရာများအား  ဒီကဗျာလေးကို ကျွန်တော့်ဘလော့ဂ် ပေါ်မှာတင်ပေးရင်း

ရှိခိုးကန်တော့လိုက်ပါတယ် ဆရာ/ဆရာမ  များကျန်းမာချမ်းသာကြပါစေ ။


 

ဝလုံးလေးတော့ လွမ်းစေလို
ပင့် ၊ ဝိုက် ၊ ရစ် ၊ ချ
အဝိုင်း ရအောင်
လက်လယ် လက်ညှိုး
ရှေ့တိုးလက်မ
ခက်ဖွဖွကိုင်
ဖနောင့် ကိုမဏ္ဍိုင်ပြု
တူရှု က ညာ .....

ပုလဲလုံးညီ
ကြိုး နဲ့သီသို့
အစကိုခွာ
အောက် ကိုအသာထိ
မဖိတဖိ
ရှေ့နှင့် ညှိ ......

ဝ.. လုံ.. ရေ.. ဝ
နှုတ် က ရွတ်ဆို
နောက်ပါးခို၍
ပြုံးချိုမျက်နှာ
ချီးမွမ်းကာဖြင့်
လက်ထပ်သင်ပေး
လေးမြတ်မေတ္တာ
မမေ့ရာ ....

ဝလုံးစားသုံး
နှလုံးပြည့်ဝ
မောင်မယ်လှတို့
တိုးတက်မြင့်မား
စာစကားစုံ
အဖုံဖုံကျွမ်းကျင်
မိုးမမြင်လည်း
ငယ်စဉ်ခဏ
ဘဝစဝယ်
ချွေးကျအောင်ရေး
ဝလုံးလေး ကို
ခဏလောက်တော့ လွမ်းစေလို ........။ ။

စာစကားမျိုးစုံကို တက်ကျွမ်းပြီး မိုးမမြင်လေမမြင် နဲ့ဘဝင်တွေမြင့်ပြီး
မြန်မာပြည်ပညာရေး အားအထင်သေးနေသောမြန်မာများ
ငယ်စဉ်ကတနေကုန်ချွေးပြန်အောင်ရေးခဲ့ ရသောဝလုံးလေးများ နဲ့
ဝ လုံ ရေ ဝ ... လို့ ကန့်ကူလက်လှည့် သင်ပေးခဲ့တဲ့ မြတ်ဆရာ များ ကို
ခဏလေးတော့ လွမ်းကြစေလိုပါ သည် ....(ကိုကျော်သူ)
 
                                ကိုမိုးထက်မြင့်(နည်းပညာ)မှကူးယူဖော်ပြပါသည်။
 
အဆင်ပြေကြပါစေ
အချစ်မြို့တော်ဝန်
 

0 comments:

Post a Comment

Comment ပေးချင်သော သူငယ်ချင်းများအောက် က Comment as မှာ (Anonymous)

ကိုရွေးပေးရမှာဖြစ်ပါတယ် " ပရိတ်သတ်ရဲ့ Comment တစ်ခုဟာ ပို့စ်အသစ်

တင်ဖို့အတွက်အားအင်တစ်ခုပါ".....ကျေးဇူးတင်လျှက် (အပြုံးတစ်ချက်)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hosted Desktop