မိဘတွေ ကို မပြောသင့်တဲ့ စကား(၁၀)ခွန်း တဲ့ တကယ် သိသင့်မယ်လို့ ကျွန်တော်လဲ ထင်မိပါတယ်............( ကျွန်တော်လဲ လိုက်နာဆင်ခြင် ရဦးမှာပါ :P ..............) လူတော်တော်
များများက ကိုယ့်မိဘတွေကို စကား(၁၀)ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက် ပိုပြောမိမယ်
ထင်ပါတယ်။ သား သမီးများ ဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေ သိပီဆိုရင်ထပ်မပြော မိတော့ဘဲ နားလည်ပေးကြရအောင်ဗျာ။ လူ့ဘ၀ကတိုတိုလေးပါ။ " တရားဟောတာတော့ ဟုတ်ပါဘူးဗျာ"
ကိုယ့်နံဘေးက မိဘ၊ ဆွေမျိုးသားချင်း၊ ချစ်ရသူ၊ ခင်ရသူ၊ သူငယ်ချင်းတွေကို တန်းဖိုးထားသင့်ပါတယ်။
ဆုံးရှုံးသွားမှ သူတို့ကသင့်ဘ၀မှာ ဘယ်လောက် အရေးပါကြောင်း သိတာမျိုး မဖြစ်ပါစေနဲ့။ မိဘတွေကို မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲ လုပ်လုပ် သူတို့ကသင့်ကို ခွင့်လွှတ်ဖို့ အသင့် ရှိနေပါတယ်။
မိဘရဲ့ ရင်ခွင်ဟာ သားသမီးတိုင်း အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာ ဆိပ်ကမ်းဖြစ်ပါလိမ့်မယ်။ စကား(၁၀) ခွန်းကတော့ ဘာတွေလဲဆိုတော့..............
(၁) အင်းပါ ! အင်းပါ ! သိပြီ..အရမ်းရှုပ်တာပဲ !
(၂) ကိစ္စရှိသေးလား ? မရှိရင် ဖုန်းချတော့မယ် !
( မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံ သက်သက် ဖြစ်လိမ့်မယ်။ မိဘတွေရဲ့ ရည်ရွယ်ချက်
ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့ ။)
(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့ !
(၄) မလုပ်ပါနဲ့တော့လို့ အထပ်ထပ် ပြောထားရင်သားနဲ့..လုပ်ထားတာတွေကလည်း မကောင်းဘူး။
(မိဘတွေ သူတို့ အင်အားနဲ့ မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ မလုပ်
ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့ အသုံးမ၀င်တော့ကြောင်း ခံစားရစေပါတယ်။ )
(၅) ဟာ ဖေဖေ၊ မေမေ တို့နည်းက ခေတ်တုံးနေပြီ။
(မိဘတွေရဲ့ အကြံဥာဏ်က ကျွန်တော်တို့ အတွက် အသုံးတည့်ချင်မှ တည့်ပါလိမ့်မယ်။
ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့ စကားတွေကို ကျွန်တော်တို့ ပြောသင့်ပါတယ်။ )
(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေ ရှာမတွေ့တော့ဘူး။
( ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် မိဘရဲ့ စေတနာကို
တော့ မစော်ကားပါနဲ့။ )
(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့ တော့ !
(ကျွန်တော်တို့ အပြန်ကိုစောင့်မျှော်နေကြတဲ့ မိဘတွေရဲ့မေတ္တာ၊ သူတို့ရဲ့ ဂရုစိုက်မူတွေကို
ကျွန်တော်တို့ အတွက် အထူးစီမံထားတဲ့ ထမင်းဟင်းတွေ ထဲ ထည့်ပေးတာ မိဘရဲ့ မေတ္တာ
ပါ။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ် ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ )
(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး !
(သူတို့ရဲ့ တသက်တာ ချွေတာလာတဲ့ အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ ဟင်းချက်ရင်
တစ်နပ်စာ ချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်.)
(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ ......
နားငြီးတယ်။
(၁၀) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆိုမှ ဘာဖြစ်လို့ သိမ်းထားရတာလဲ။
(မိဘတွေက ကျွန်တော်တို့နဲ့ အတူကြီးပြင်းလာခဲ့တဲ့ အရာတွေ ကို သိမ်းထားချင်တတ်ကြ
တယ်။ သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ နောက်တစ်ချိန်မှာ ကျွန်တော်တို့
ကလေးဘ၀က ၀တ်ခဲ့တဲ့ အ၀တ်အစားတွေကို ကျွန်တော်တို့ တွေ့မိတဲ့အခါ ၀မ်းသား
ကြည်နူးကြမယ် မဟုတ်ပါလားဗျာ......!)
----------ဒီ Post လေးကိုတော့ မြန်မာ သူငယ်ချင်းများမှ ဖော်ပြပေးခြင်းဖြစ်ပါသည်----------
" ဖိုးသားလေး "

0 comments:
Post a Comment
Comment ပေးချင်သော သူငယ်ချင်းများအောက် က Comment as မှာ (Anonymous)
ကိုရွေးပေးရမှာဖြစ်ပါတယ် " ပရိတ်သတ်ရဲ့ Comment တစ်ခုဟာ ပို့စ်အသစ်
တင်ဖို့အတွက်အားအင်တစ်ခုပါ".....ကျေးဇူးတင်လျှက် (အပြုံးတစ်ချက်)