Wednesday, February 1, 2012

သတိကောင်းသည့် အမတ်ကြီး

      ရှေးအခါက ဘုရင်တစ်ပါး လက်ထက်၌ မင်းသုံးဆက်တိုင် မှီလိုက်သော ပညာရှိအမတ်ကြီးတစ်ယောက်
ရှိ၏။ ထိုအမတ်ကြီးသည် အသက် ၇၀ ခန့်ရှိပြီ ဖြစ်သော်လည်း မေ့လျော့သည် ဟူ၍မရှိ။သတိအလွန်ကောင်း သည်ဟု နာမည် ကျော်ကြား၏။


        ဘုရင်ကြီးသည် အမတ်ကြီးအား အသက်ကြီးပြီဖြစ်၍ ရှေးကကဲ့သို့ သတိသမ္ပဇဉ်  ယှဉ်ပါဦးမယ်လော
ဟူ သော သံသယရှိသဖြင့် တစ်ခုသော  ညီလာခံ၌ အခြားသော  အမတ်ကြီးများနှင့်စကားပြောဆို  နေရာမှ
ပညာရှိအမတ်ကြီးအား အမှတ်မဲ့ " ပညာရှိ အမတ်ကြီး၊  ဥဟူသမျှတွင်  အဘယ်မည်သော ဥသည်အရာသာ
အရှိဆုံးဖြစ်ပါသနည်း" ဟူ၍ မေးတော်မူ၏။ ပညာရှိအမတ်ကြီးသည် ဆုတ်ဆိုင်းခြင်းမရှိဘဲ " ဖွတ်ဥပါဘုရား " ဟုလျှောက်တင်လေ၏။  ဘုရင်မင်းမြတ်လည်း ပညာရှိအမတ်ကြီးအား မည်သို့မျှ  ဆက်လက်မိန့်ကြားခြင်း

မပြုဘဲ အခြား မှူးမတ်များနှင့်သာ ဆက်လက်ဆွေးနွေးမြဲ ဆွေးနွေးတော်မူ၏။ သို့နှင့် အချိန်ကုန်၍တစ်နှစ်   
တိတိ ပြည့်မြောက်သော နေ့တွင် ဘုရင်မင်းမြတ်သည်  ညီလာခံတစ်ရပ် ခေါ်ယူတော်မူ၏။   ထိုညီလာခံ၌ အခြားမှူးမတ်များနှင့် ဆွေးနွေးတိုင်ပင်နေရာမှ ပညာရှိ အမတ်ကြီးအား အမှတ်မဲ့   "  ပညာရှိ အမတ်ကြီး၊ သူချည်းသာလော " ဟူ၍မေးတော် မူလေ၏။ ပညာရှိအမတ်ကြီးလည်း  နှောင့်နှေးခြင်း မရှိဘဲ " ဆားနှင့်ပါ ဘုရား " ဟုလျှောက်တင်လေ၏။ ထိုအခါ   ဘုရင်မင်းမြတ်က   " ပညာရှိ  အမတ်ကြီး၊    အဘယ်အရာကို ဆားနှင့်ပါဘုရားဟုလျှောက်တင်ရ သနည်း " ဟူ၍ မေးတော် မူပြန်၏။ ပညာ ရှိ အမတ်ကြီးက"အရှင်မင်းကြီး
သည် ယမန်နှစ်က တစ်ခုသော ညီလာခံ၌ ဥဟူသမျှတွင် ဘယ်ဥသည် အရာသာ အရှိဆုံး ဖြစ်သနည်းဟူ၍
ကျွန်တော်မျိုးအား အမေးတော် ရှိခဲ့ပါသည်။ ကျွန်တော်မျိုးက ဖွတ်ဥ သည်အရာသာ အရှိဆုံး ဖြစ်ပါသည်ဟု
ဖြေခဲ့ပါသည်။  ထိုဖွတ်ဥ သည် သူ့ချည်းစား၍  အရာသာ မပေါ်လှပါ။  ဆားနှင့်စားမှသာ   အရသာပေါ်နိုင်
ကြောင်းကို လျှောက်တင်ရခြင်း ဖြစ်ပါသည်   ဘုရား " ဟု လျှောက်တင်၏။
         ဘုရင်မင်းမြတ်လည်း ပညာရှိ အမတ်ကြီးသည် အသက်ကြီးသော်လည်း မေ့လျော့ခြင်း မရှိ၊ သတိကောင်းမြဲ ကောင်းနေသည့် အခြင်းအရာကို လွန်စွာ အားရနှစ်သက်တော် မူ၍ " ပညာရှိအမတ်ကြီး၏
သတိကောင်းပုံ မှာ ကျော်ကြားထိုက်ပေသည် " ဟူ၍ ချီးမွမ်းကာ ဆုလာလ်များ ချီးမြှင့်တော်မူလေသတည်း။

             ဆောင်ပုဒ်-
                           သတိတရား
                           လက်ကိုင်ထား
                           အမှားမတွေ့ပြီ။
                                                                                     ****ပျော်ရွှင်ချမ်းမြေ့ပါစေ****
                                                                                                             " ဖိုးသားလေး "

0 comments:

Post a Comment

Comment ပေးချင်သော သူငယ်ချင်းများအောက် က Comment as မှာ (Anonymous)

ကိုရွေးပေးရမှာဖြစ်ပါတယ် " ပရိတ်သတ်ရဲ့ Comment တစ်ခုဟာ ပို့စ်အသစ်

တင်ဖို့အတွက်အားအင်တစ်ခုပါ".....ကျေးဇူးတင်လျှက် (အပြုံးတစ်ချက်)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hosted Desktop