Wednesday, August 15, 2012

om shanti om

ဒီနေ့အတွက်တော့ မင်းသား ရှရွတ်ခန် ရဲ့ om shanti om ဆိုတဲ့ အချစ်ကားကောင်းကောင်းလေး တင်ပေးလိုက်ပါတယ်...။ 




ဆင်းရဲသားလေး Om ဟာ မင်းသားတစ်ယောက်ဖြစ်ဖို့အတွက် အမြဲတမ်း စိတ်ကူးယဉ်နေတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်...။ ဒါ့အပြင် သူဟာ ဘောလိဝုဒ်ရဲ့ စတားတစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး ရှန်တီကို ရူးရူးမူးမူး စွဲလမ်းနေပါသတဲ့..။ ရုပ်ရှင်ရိုက်ကူးရေးတွေမှာ လူကြမ်း၊ ဟာသ၊ ဖြတ်လျှောက် စတဲ့အခန်းလေးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း..မင်းသမီးအနားမှာ အရိပ်တစ်ကြည့်ကြည့်နဲ့ နေရင်း သံယောဇဉ်တွေ ပိုပိုဖြစ်လာတဲ့အချိန်မှာ... မင်းသမီးက သူမနဲ့ချစ်ကြိုးဝင်နေတဲ့ ဘောလိဝုဒ် မင်းသားတစ်ယောက်နဲ့ မှားယွင်းပြီး ကိုယ်ဝန်ရှိသွားခဲ့တယ်..။ ဒါပေမယ့် အဲ့ဒီ မင်းသားက မင်းသမီးကို လက်မထပ်နိုင်တဲ့အတွက် သူပိုင်တဲ့အိမ်ကြီးထဲမှာ မီးရှို့ပြီး သတ်ဖို့ ကြိုးစားခဲ့တယ်...။ အဲ့ဒီအချိန်မှာပဲ.. om ဟာ တိုက်တိုက်ဆိုင်ဆိုင် သူမပေးထားတဲ့ အရုပ်ကလေးကို လာပြန်ပေးဖို့ လာတဲ့အချိန် မင်းသမီးလေး ရှန်တီကို မီးလောင်နေတဲ့အိမ်ကြီးထဲမှာ မြင်လိုက်ရတယ်..။ ကံမကောင်းစွာပဲ သူတို့နှစ်ယောက်လုံးဟာ အဲ့ဒီအိမ်ကြီးထဲကနေ ထွက်မပြေးနိုင်ခဲ့ဘူး.....။ ရှန်တီက အိမ်ကြီးထဲမှာပဲ သေဆုံးခဲ့ရပြီး... om ကတော့ ဆေးရုံမှာ သေဆုံးခဲ့တယ်..။ဒါပေမယ့် နောက်ဘ၀တစ်ခုမှာ 0m နောက်တစ်ခေါက် လူပြန်ဖြစ်ခဲ့ရတယ်..။ ချမ်းသာတဲ့ မိသားစုတစ်ခုမှာပေါ့..။အရင်ဘ၀က ဗီဇ အတိုင်း မင်းသားဖြစ်ချင်ခဲ့တော့ ဒီလိုနဲ့ နောက် အနှစ် ၂၀ နီးပါးကြာတဲ့အခါ om ဟာ စူပါစတား တစ်ယောက်ဖြစ်လာခဲ့တယ်...။ ဟိုးအရင်ဘ၀ကိုတော့ သူအကယ်ဒမီ ရတဲ့နေ့ရောက်မှ ပြန်သတိရခဲ့တယ်..။ အဲ့ဒါနဲ့ သူနဲ့ သူ့ရဲ့ ရှန်တီကို သတ်ခဲ့တဲ့ မင်းသားကြီးကို လက်စားချေဖို့ သူဆုံးဖြတ်လိုက်တယ်..။ အရင်ဘ၀က သူ့ရဲ့ အမေနဲ့ သူငယ်ချင်းကို သွားရှာပြီး အကူအညီတောင်းတယ်..။ သူ့ရဲ့ အကြံအစည်က အရင်မီးလောင်ထားတဲ့အိမ်ကြီးမှာ သူတို့ဖြစ်ခဲ့တာတွေကို ဇာတ်ကားလေးပြန်ရိုက်ပြဖို့..။ သူတို့ကို သတ်ခဲ့တဲ့ မင်းသားကြီးကို ဒီကားမှာ မပါ ပါလာအောင် အမျိုးမျိုး သွေးဆောင်ဖြားယောင်းပြီး အပါ ခေါ်ခဲ့တယ်..။တိုက်တိုက်ဆိုင်ဆိုင် မင်းသမီးရွေးတဲ့အချိန်မှာ ရှန်တီနဲ့ ရုပ်ချင်းအရမ်းတူတဲ့ ကောင်မလေးတစ်ယောက်ကို သွားတွေ့တယ်...။ သူမလေးက ရှပ်ပြာပြာနဲ့ သရုပ်မဆောင်တက်ပေမယ့် မင်းသားရဲ့ အဖြစ်အပျက်တွေကို ကြားသွားတဲ့အခါမှာ သနားပြီး တက်နိုင်သလောက်လုပ်ပေးခဲ့တယ်..။ ဒီလိုနဲ့.....ဇာတ်ကားကြီး စရိုက်ကူးတဲ့အချိန်မှာ..............................................................


ပရီဗျူးရေးတာ နည်းနည်းများ ရှည်သွားလား မသိဘူး.....။ ကုလားကား ဆိုတော်တော်များများက မကြိုက်ကြပေမယ့်.. ဒီဇာတ်လမ်းလေးကတော့ အကိုတစ်ယောက် ညွှန်းတာနဲ့ သေချာထိုင်ကြည့်ဖြစ်တယ်..။ ထုံးစံအတိုင်း အကတွေ ဝေေ၀ဆာဆာနဲ့ ထူးခြားဆန်းပြားတဲ့ ဘောလိဝုဒ် အပြင်အဆင်နဲ့... တစ်ကယ်ကို ပီပြင်အောင် ရိုက်ကူးထားတဲ့ om shanti om ဆိုတဲ့ကားလေးကို အချိန်ရှိတယ်ဆိုရင် ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦး........။

Youtube ရဲ့ လင့်တွေက



ရှားရှားပါးပါး နောက်တစ်လင့်က


ကဲ ဘ၀အမောတွေပြေပျောက်ပြီး ပျော်ရွှင်နိုင်ကြပါစေ...။

ကိုလူမောင်..

1 comments:

Anonymous said...

အပြင်က ကုလားတွေကိုသာကြည့်မရတာ ကုလားကားတော့အရမ်းကြိုက်တယ် ကျေးဇူးတင်ပါတယ်

ကိုလူမောင်ရေ :)

Post a Comment

Comment ပေးချင်သော သူငယ်ချင်းများအောက် က Comment as မှာ (Anonymous)

ကိုရွေးပေးရမှာဖြစ်ပါတယ် " ပရိတ်သတ်ရဲ့ Comment တစ်ခုဟာ ပို့စ်အသစ်

တင်ဖို့အတွက်အားအင်တစ်ခုပါ".....ကျေးဇူးတင်လျှက် (အပြုံးတစ်ချက်)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hosted Desktop