ADJECTIVE-နာမဝိသေသန
Noun -နာမ်ကို အထူးပြုသော ပုဒ်ကို (adj)နာမဝိသေသန လို့ ခေါ်ပါသည်။
မိမိ ပြောချင်သော (noun)ကို အရည်သွေးမြင့်အောင်၊ ဂုဏ်ရည် မြင့်အောင် ပြောဆိုခြင်းဖြစ်ပါသည်။
ဥပမာ-eg(1)U Ba is a good teacher for me .(ဦးဘသည် ဘာဖြစ်တယ်ဆိုတာကို ဂုဏ်ရည်မြင့်အောင် ပြောဆိုလိုက်တဲ့အတွက် good
ဆိုသော -adj-သည် ဦးဘကို အထူးပြု ပေးခြင်းဖြစ်ပါသည်။
Adj -သည် verb to be နဲ့ တွဲသုံးလျှင် verb ဖြစ်သွားသည်။
Adjective – (၇) မျိးရှိပါသည်။
(1)proper adjective- အမည်ပြ နာမဝိသေသန
(2)adjective of quantity-ပမာဏပြ နာမဝိသေသန
(3)adjective of number-သင်္ချာပြ နာမဝိသေသန
(4)distributive adjective- ခွဲဝေပြ နာမဝိသေသန
(5)demonstative adjective- ညွှန်ပြ နာမဝိသေသန
(6)possessive adjective - ပိုင်ဆိုင်မှုပြ နာမဝိသေသန
(7)adjective of quality-အရည်သွေးပြ နာမဝိသေသန
(1)proper adjective- အမည်ပြ နာမဝိသေသန
Myanmar girl- မြန်မာ မိန်းကလေးတစ်ယောက်
The english language- အင်္ဂလိပ်ဘာသာ
The shwedagon pagoda-ရွှေတိဂုံဘုရား
(2)adjective of quantity-ပမာဏပြ နာမဝိသေသန
some whole
little half
enough any(အချို့ ၊အနည်းငယ်သော)
sufficient no(နဲနဲမှ မတူသော)
all great
(3)adjective of number-သင်္ချာပြ နာမဝိသေသန
One(တစ်ခုသော) many
Two few(အနည်းငယ်သော)
Three several(များစွာသော)
First(ပထမ)
Second
Third
Fourth
(4)distributive adjective- ခွဲဝေပြ နာမဝိသေသန
Each
Every(နောက်တွင် အမြဲ Noun အနည်းလိုက်သည်)
Either(တစ်ခု မဟုတ်လျှင်တစ်ခု)
Neither(နှစ်ခု လုံးမဟုတ်)
(5)demonstative adjective- ညွှန်ပြ နာမဝိသေသန
This such(ထိုကဲ့သို့သော)
That another(N- အနည်းလိုက်သည်)
These(N- အနည်းလိုက်သည်) other
Those(------။---------------)
(6)possessive adjective - ပိုင်ဆိုင်မှုပြ နာမဝိသေသန
My Their
Our His
Your its
မှတ်ချက်။ possessive adjective နောက်တွင် အမြဲ (N) လိုက်သည်။
(7)adjective of quality-အရည်သွေးပြ နာမဝိသေသန
White brown
Red grey
Blue bright
Black
Yellow
Green
Adjective မှာ အဆင့် (၃)ဆင့် ရှိပါသည်။
Three degrees of adjective
(1)positive degree - ရိုးရိုးအဆင့် (သောဟု ထွက်သည်)
(2)comparative degree- နှိုင်းယှဉ်အဆင့်(ပို၍ဟု ထွက်သည်)
(3)superlative degree- အမြင့်ဆုံး အဆင့် (ဆုံးဟု ထွက်သည်)
Positive degree (သော) | Comparative degree (ပို၍) | Superlative degree (ဆုံး) |
Fat | fatter | fattest |
Low | Lower | lowest |
Thin | Thinner | thinnest |
Big | Bigger | biggest |
Tall | Taller | tallest |
Small | Smaller | smallest |
Adj-သည် အသံ နှစ်သံ (သို့)အသံနှစ်သံထက် ထွက်နေပါက (more, most) တို့ကို သုံးရသည်။
Positive degree (သော) | Comparative degree (ပို၍) | Superlative degree (ဆုံး) |
Beautiful | More beautiful | Most beautiful |
Heavy | More heavier | Most heaviest |
Popular | More popular | Most popular |
Wonderful | More wonderful | Most wonderful |
Careful | More careful | Most careful |
Intelligent | More intelligent | Most intelligent |
Adjective of adverb များလည်း ပြောင်းလဲမှုများလည်း ရှိပါသည်။
Positive degree (သော) | Comparative degree (ပို၍) | Superlative degree (ဆုံး) |
quickly | More quickly | Most quickly |
widely | More widely | Most widely |
easily | More easily | Most easily |
အလွတ်ကျက်မှတ်ထားရန်။
Adjective degree(သုံးဆင့်) ပြောင်းလဲမှုမှာ မတူသောကြောင့် အလွတ်ရအောင် ကျက်ထားရမည်။
Positive degree (သော) (D-1) | Comparative degree (ပို၍) (D-2) | Superlative degree (ဆုံး) (D-3) |
Good | Better | best |
well | Better | best |
Bad | Worse | worst |
badlay | Worse | worst |
Far | Farther | farthest |
far | Further | Furthest |
Late | Later | Later or latest |
Little | Less | least |
Many | More | most |
much | More | most |
some | More | most |
အဆင့် သုံးဆင့်လေးကို ပြောင်းကြည့်ကြရအောင် ဘယ်လိုသုံးလဲ ဆိုတာ ကျောင်းသူကျောင်းသားတွေ ဖြေဆိုရ ခက်တဲ့ အထဲမှာပါတဲ့
Grammar exercise လေးပါပဲ သုံးခုလုံးကို degee (1)ကနေ (2)ကနေ(3)ကို အဆင့်ဆင့် ပြောင်းခိုင်းတာဖြစ်ပါတယ်။ပုံသေးနည်းလေး သိရင်
ဒါလေးက လွယ်လွယ်လေးပါ။ကျွန်တော် ကျောင်းသားဘဝက သင်ခဲ့ရတဲ့ ပုံစံလေးပါပဲ---
Positive degree (D-1) အတွက် Formula ပါ
*subject +verb to be +negative(not) +as---D1----as + subject -အတို ပုံစံလေး ရေးလိုက်ပါမည်။
N1 +is+not+as D1 as +N2
Eg(1)my uncle is not as tall as my father.
comparative degree (D-2) အတွက် Formula ပါ (subject နှစ်ခုကို နှိုင်းယှဉ်သည့်အတွက် than ပါလာသည်ကို သတိပြုပါ)
*subject +verb to be + more (or) D-2 +than +subject -အတို ပုံစံလေး ရေးလိုက်ပါမည်။
N2+is+more (or) D2+than+N1
Degree (1) ကနေ (2)ကိုပြောင်းကြည့်ကြမယ်။
Eg(1)my uncle is not as tall as my father.
My father is taller than my uncle.
Eg(2)Tin Tin is not as intelligent as Khin Khin.
Khin Khin is more intelligent than Tin Tin.
Superlative degree (D-3) အတွက် formula ပါ
*subject+verb to be+ the +D-3 +Noun + place-အတို ပုံစံလေး ရေးလိုက်ပါမည်။
N+is+the+D3+N+P
Degree (3)ကနေ (1) ပြောင်းကြည့်ကြမယ်။ formula လေးနဲ့ ပဲ လုပ်ကြည့်ကြပါ့မယ်။
D3 to D1 – There is no +----နဲ့ရေးသည်ကို သတိပြုပါ။
N+is+the+D3+N+P (D-3 formuala)
There is no + N(အနည်း)D3 နောက်က N ကိုရေးပါ +place + as D1 as + subject
ဥပမာလေးတွေ ကြည့်ရင်းရှင်းသွားပါမည်။
Eg(1) The Shwedagon is the greatest pagoda in Myanmar.
There is no pagoda in Myanmar as large as the shwedagon.
ဒီလောက်ဆိုရင်တော့ degree တွေ ဘယ်လို့ပဲ ပြောင်းရေးချင်ဆိုတာ ရေးတတ်သွားပါပြီ။ ကိုယ်ရေးချင်တဲ့ sentence လေး ပိုပြီးတော့
အသက်ဝင် လှပါသွားအောင် ဒီလို degree လေး သုံးပြီး ရေးကြည့်လိုက်ရင် ပို မကောင်းဘူးလား။
ချင်းတွင်းမြစ်သည် ဧရာဝတီကဲ့သို့ မရှည်ပါ။
The Ayeyarwady river is not as long as Chindwin river..ဒါလေးကို ပိုပြီ စာဖတ်တဲ့သူ စိတ်ဝင်စားလာအောင် ရေးကြည့်ကြမယ်။
ဧရာဝတီမြစ်သည် ချင်းတွင်းမြစ်ထက် ပို၍ ရှည်တယ်။
The Ayeyarwady river is longer than Chindwin river.
မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်ကဲ့သို့ ရှည်သော မြစ် မရှိပါ။
There is no rive river in Myanmar as long as the Ayeyarwady.
ဧရာဝတီမြစ်သည် မြန်မာနိုင်ငံမှာ အရှည်ဆုံးသော မြစ်ဖြစ်သည်။
The Ayeyarwady is the longest river in Myanmar.
မှတ်ချက်။ as ---D1---as(ကြားတွင် D1 အမြဲလိုက်သည်)
The + D3+N( ကြားတွင် D3 အမြဲလိုက်သည်)
There is no + N(အနည်း) (Noun -အနည်း အမြဲလိုက်သည်)
ဆယ်တန်းမှာ ပါတဲ့ cloze type ဖြေရင် grammar ပုံစံလေးနဲ့ ဖြေလို့ ရအောင် ပုံသေလိုက်တဲ့ formula လေးတွေပါ။ ဒါလေးတွေ သိတော့
ကိုယ်တိုင် essay or letter လေး ရေးတဲ့အခါမှာ အမှား ပိုနည်းသွားတာပေါ့…
ဒီအခြေခံလေးတွေ သိထားတော့ ညီငယ်ညီမငယ် တူ၊ တူမလေး တွေကို ပြောဆို သင်ပြနိုင်တာပေါ့..
လေ့လာသူ သူငယ်ချင်းတွေ ကို ကျေးဇူးတင်ပါတယ်။
zayyar
0 comments:
Post a Comment
Comment ပေးချင်သော သူငယ်ချင်းများအောက် က Comment as မှာ (Anonymous)
ကိုရွေးပေးရမှာဖြစ်ပါတယ် " ပရိတ်သတ်ရဲ့ Comment တစ်ခုဟာ ပို့စ်အသစ်
တင်ဖို့အတွက်အားအင်တစ်ခုပါ".....ကျေးဇူးတင်လျှက် (အပြုံးတစ်ချက်)