ကျွန်တော်ရဲ့ အပြုံးတစ်ချက် ပရိတ်သတ်အတွက် ဖုန်း Ringtone လေးတွေလုပ်ဖို့ Mp3 သီချင်းလေး
တွေကို ကိုယ်ကြိုက်တဲ့နေရာဖြတ်ဖို့ အတွက် ကျွန်တော်ဒီဆော့ဝဲလေးတင်ပေးလိုက်ပါတယ်
ဆော့ဝဲလေးက တော်တော်ကောင်းတယ်ဗျ ပေါ့လဲပေါ့တယ် Converter, Cutter, Recorder
သုံးမျိုးအသုံးပြုနိုင်မှာဖြစ်ပါတယ် ကျန်တဲ့နှစ်ခုကို စာဖတ်သူတို့ ရင်းနှီးပီးသားဖြစ်မှာပါ
ထားလိုက်ဗျာအောက်မှာ ကျွန်တော်လင့်ခ်နှစ်ခုနဲ့ပေးထားပါတယ်
ဆော့ဝဲလေးကိုရမ်းလိုက်ရင်Converter, Cutter, Recorder ဆိုပီး သုံးခုကျလာမှာဖြစ်ပါတယ်
Converter ကို အသုံးပြုဖို့ဆိုရင် တော့
Register လုပ်ခိုင်းပါလိမ့်မယ် ကျွန်တော်ဆော့ဝဲ ဖိုင်ထဲမှာ KeyGen လေးထည့်ပေးထားပါတယ်
အဲဒီကောင်လေးကို ကလစ်လိုက်ရင် Name နဲ့ Serial လေးရလာမှာဖြစ်ပါတယ် အဲတာလေးတွေကို
copy ဆွဲပီး Register လုပ်လိုက်ဗျာ မရှင်းတဲ့သူများအောက်မှာပုံလေးနဲ့ပြထားပေးပါတယ်
Audio Cutter အသုံးပြုပုံလေးပြောပြပါ့မယ်
အဆင့်ငါးဆင့်ရှိပါတယ်
၁။ပထမအဆင့်မှာ ကိုယ် ဖြတ်ချင်တဲ့ သီချင်းကိုကိုယ့်ရဲ့စက်ထဲကရွေးပေးရမှာ
ဖြစ်ပါတယ်
သီချင်းရွေးတဲ့အခါမှ ကိုယ့်ရဲ့ သီချင်းဟာ မြန်မာလိုတည်ဆောက်ထားတဲ့ folder ထဲမှာဆို အဆင်မ
ပြေပါဘူး သီချင်းကို Cpoy ဆွဲ Desktop ပေါ်တင်ပီးမှရွေးပေးလိုက်ရင် ပိုပီးအဆင်ပြေပါတယ်
နောက်တစ်ချက်က File of type မှာ ပုံမှာပြထားတဲ့ အတိုင်း Mp3 ကိုရွေးပေးမှ သီချင်းတွေပေါ်မှာ
ဖြစ်ပါတယ် အဲတာတွေအားလုံး Ok တယ်ဆိုရင် သီချင်းရွေးပီး Open ပေးလိုက်ပါ
၂။ ဒီအဆင့်မှာတော့ ဖြတ်လို့ထွက်လာတဲ့ Mp3 ကို ဘယ်လို type နဲ့ထွက်လာစေချင်လဲလို့
ရွေးပေးရမဲ့ အဆင့်ပါ ဥပမာ Gtalk နဲ့ Window Song အတွက်ဆိုရင်တော့ Wave ကိုရွေးပေးရမှာဖြစ်
ပါတယ် အခုတော့ကျွန်တော်က ရိုးရိုး ဖုန်းအတွက်ပဲမို့ Mp3 ကိုပဲရွေးလိုက်ပါတယ် ပုံမှာကြည့်လိုက်ပါ
၃။ ဒီအဆင့်ကတော့ သီချင်းကို ကိုယ့်ကြိုက်သလိုဖြတ်မှာဖြစ်ပါတယ် ပုံမှာပြထားပါတယ်
ဖြတ်ထားတဲ့သီချင်း ကြိုက်မကြိုက်ကိုအဆင့်လေးမှာ Play ကို နှိပ်ပီးနားထောင်ကြည့်လို့ရပါတယ်
မကြိုက်သေး ရင် Stop ကိုနှိပ်ပီးထပ်ပြင်လိုက်ပါ
စိတ်ကြိုက်ဖြစ်ပီးဆိုရင်တော့ နောက်ဆုံးအဆင့် ငါးမှာရှိတဲ့ Cut ဆိုတာလေးကို နှိုပ်လိုက်ပါ
ခဏလောက်စောင့်လိုက်တာနဲ့ ကိုယ်ဖြတ်ထားတဲ့သီချင်းလေးကို Output Folder လေးနဲ့
ထွက်လာပါလိမ့်မယ် Audio converter ကနေ Audio Cutter လေးကိုသွားချင်တယ်ဆိုရင်
Function ကနေသွားလိုက်ပါ အောက်မှာ ပုံလေးနဲ့ပြထားပါတယ်
ကဲ ဒီလောက်ဆိုရင် အဆင်ပြေလောက်ပါပီ နော် သုံးကြည့်လိုက်ဗျာလွယ်ပါတယ်
လုပ်တတ်မှာပါ ကျွန်တော်ကသာ နည်းနည်းလျာရှည်မိတာ :)
အဆင်ပြေကြပါစေ
အချစ်မြို့တော်ဝန်
0 comments:
Post a Comment
Comment ပေးချင်သော သူငယ်ချင်းများအောက် က Comment as မှာ (Anonymous)
ကိုရွေးပေးရမှာဖြစ်ပါတယ် " ပရိတ်သတ်ရဲ့ Comment တစ်ခုဟာ ပို့စ်အသစ်
တင်ဖို့အတွက်အားအင်တစ်ခုပါ".....ကျေးဇူးတင်လျှက် (အပြုံးတစ်ချက်)