Monday, February 13, 2012

“ဆန်ရင်း မျောတဲ့လှေ”

“ဆန်ရင်း မျောတဲ့လှေ”


ကျွန်တော့် အမေ

ကျောင်းမနေ စာမတတ်

ပညာ ငတ်ပေမယ့်

သူ့ သားတွေ တစ်လှေကြီးနဲ့ 

ရေစီးကို မှန်မှန်ခတ်လို့ 

ဆန်မပြတ် ..ဆီမပြတ်ခဲ့ 

ဟော့.............

ကျောင်းတော်မှာ အမေ ထားလို့ 

အမေ့ သား ကျွန်တော်တို့ တွေ

ကျောင်းနေကာ ပညာတတ်သော်မှ

ကျွန်တော့်လှေ.........


ကျွန်တော် ခတ်ပေမယ့်

ကျွန်တော့်လှေ ......

အမေ တစ်လှည့်စီးတော့

လှေကြီး လေးသလိုလို

လှေကြီး နှေးသလိုလို

ချွေးစေးတွေ လှိုင်းထန်လို့ 

ရေစီးမှာ ယက်ကန်ကန်နဲ့ 

ဆန်ပြတ် ဆီပြတ် ။....။ 


                               ( ပန်းတောင်း ) နေမင်းထင်


မေမေ့ကျေးဇူးသိတတ်နိုင်ကြပါစေ

အချစ်မြို့တော်ဝန်

0 comments:

Post a Comment

Comment ပေးချင်သော သူငယ်ချင်းများအောက် က Comment as မှာ (Anonymous)

ကိုရွေးပေးရမှာဖြစ်ပါတယ် " ပရိတ်သတ်ရဲ့ Comment တစ်ခုဟာ ပို့စ်အသစ်

တင်ဖို့အတွက်အားအင်တစ်ခုပါ".....ကျေးဇူးတင်လျှက် (အပြုံးတစ်ချက်)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hosted Desktop