"မမျှတခြင်းများ"
သူဟာ...ကျွန်မရဲ့ ကောင်းကင်ကြီးဖြစ်ချင်ဖြစ်လိမ့်မယ်
ဒါပေမယ့်...ကျွန်မကတော့သူ့ရဲ့တိမ်မျှင်တစ်စတောင်ဖြစ်ခွင့်မရပါဘူး
သူဟာ....ကျွန်မရဲ့ပစ္စုပ္ပန်နဲ့အနာ့ဂတ်ကိုပိုင်ဆိုင်ချင်ပိုင်နေလိမ့်မယ်
ဒါပေမယ့်...ကျွန်မကတော့သူ့ရဲ့အတိတ်မှာတောင် ရှိမနေခဲ့ပါဘူး
သူဟာ....ကျွန်မရဲ့မရှိမဖြစ်တဲ့အရာတစ်ခု ဖြစ်ချင်ဖြစ်လိမ့်မယ်
ဒါပေမယ့် ....ကျွန်မကတော့သူ့ရဲ့ရှိနေတဲ့အရာတွေထဲက မလိုအပ်ဆုံးအရာပါပဲ
သူဟာ...ကျွန်မရဲ့ဦးနှောက်ကိုတောင်လွှမ်းမိုးနိုင်စွမ်းရှိချင်ရှိလိမ့်မယ်
ဒါပေမယ့်....ကျွန်မကတော့သူ့ရဲ့နှလုံးသားထောင့်စွန်းလေးမှာတောင် ရှိမနေခဲ့ပါဘူး
သု့ကိုကျွန်မ အရမ်းချစ်ချင် ချစ်ခဲ့လိမ့်မယ်
ဒါပေမယ့်......သူကကျွန်မကိုမုန်းဖို့တောင်သတိမရခဲ့ပါဘူး ...။။
(Purple)
အဆင်ပြေပါစေ
အချစ်မြို့တော်ဝန်
0 comments:
Post a Comment
Comment ပေးချင်သော သူငယ်ချင်းများအောက် က Comment as မှာ (Anonymous)
ကိုရွေးပေးရမှာဖြစ်ပါတယ် " ပရိတ်သတ်ရဲ့ Comment တစ်ခုဟာ ပို့စ်အသစ်
တင်ဖို့အတွက်အားအင်တစ်ခုပါ".....ကျေးဇူးတင်လျှက် (အပြုံးတစ်ချက်)