သမိုင်းစာအုပ်တွေထဲမှာ ချန်လှပ်ထားခဲ့ရတဲ့ လီဒိုလမ်းမကြီး အကြောင်းကို လူငယ်မျိုးဆက်တွေကတော့ ကောင်းကောင်း မီကြမှာမဟုတ်ပါဘူး။ဒီလမ်းမကြီးဟာမြန်မာနိုင်ငံတောင်ပိုင်းကသေမင်းတမန်ရထား လမ်းလောက် နာမည်မကြီး ခဲ့ပေမယ့် ဒုတိယ ကမ္ဘာစစ်ကို ရွံရှာထိတ်လန့် စွာဖြတ်သန်းခဲ့တဲ့သူတွေကတော့ သေမင်းတမန် လမ်းမကြီးရယ်လို့သိကြပါတယ်။ သေမင်းတမန် ရထားလမ်းကတော့ ဂျပန်ဘုရင့်တပ်မတော်အနေနဲ့ မြန်မာနိုင် ငံမှာရောက်နေတဲ့ ဂျပန်တပ်တွေအတွက် စစ်လက်နက် ပစ္စည်းများ ထောက်ပံ့ ပို့ဆောင်ဖို့ ထိုင်းနဲ့ မြန်မာနိုင်ငံကိုမီးရထားဖြင့် ဆက်သွယ်ရန်ပြု လုပ်ထား သော စီမံကိန်းတစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် လီဒိုလမ်းမကြီးကတော့ အဲဒီရထားလမ်းနဲ့မတူပါဘူး။ ဒီလမ်းမကြီးကို အမေရိကန်ဗိုလ်ချုပ်ကြီး ဂျိုးဇက်ဗင်နီဂါစတီး ဝဲလ်က အိန္ဒိယနိုင်ငံလီဒိုမှ မြန်မာပြည်မြောက်ပိုင်းကိုဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့အထိ ဖောက်လုပ်ရန် စီမံခဲ့ခြင်းဖြစ်ပါတယ်။သူ့အကြံအစည်ကတော့ တရုတ်ပြည်တွင်းကိုကျူးကျော်ရောက် ရှိနေတဲ့ ဂျပန်တပ်မတော်နဲ့ တိုက်ခိုက် နေတဲ့ တရုတ်ကူမင်တန်တပ်များကိုအန္တရာယ်များတဲ့လေကြောင်းလမ်းကို ရှောင်ရှားပြီးမြန်မာပြည်မြောက် ပိုင်းတောင်တန်းများပေါ်မှ လမ်း ကြောင်းတစ်ခုဖောက်လုပ်ပြီး ထောက်ပံ့ပို့ဆောင်ပေးဖို့ဖြစ်ပါတယ်။ဒီလမ်းမကြီး ကိုဖောက်လုပ်တဲ့အမေရိကန်အင် ဂျင်နီယာတွေ ဟာ သားရဲတိရစ္ဆာန်များ၊ ငှက်ဖျားရောဂါ၊ ရွံ့နွံအိုင်များနဲ့ ပြည့်နှက်နေတဲ့တောနက်ကြီးတွေကို ရင်ဆိုင် ကျော်လွှားခဲ့ရ ပါတယ်။ အင်ဂျင်နီယာတွေရဲ့ တာဝန်ကတော့ အိန္ဒိယနိုင်ငံနယ် စပ်အနီးလီဒိုမြို့မှ ဟူးကောင်းတောင်ကြားမှ ပန်ဆောင်တောင်ကြားကို ဖြတ်ပြီးဗန်းမော်မှ တဆင့် တရုတ်နိုင်ငံဝမ်တိန်နှင့် တရုတ်နိုင်ငံကူမင်းသို့ဖောက်လုပ်ရန်ဖြစ် ပါ တယ်။ အမေရိကန်တပ်မတော်အနေနဲ့ အမေရိကန်ဒေါ်လာ ၁၄၈ သန်းကုန် ကျပြီး အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနိုင်ငံသားတွေ၊ မြန်မာနိုင်ငံမှ နာဂ၊ ကချင်နဲ့ ရှမ်းတိုင်းရင်းသား တွေ၊ တရုတ်အလုပ်သမားတွေ စုစုပေါင်း အင်အား ၂၅ဝဝဝ လောက်နဲ့ မိုင်တစ်ထောင်ခန့်အရှည်ရှိတဲ့ လမ်းမကြီးကို၂နှစ်ကြာ အောင် ဖောက်လုပ်ခဲ့ရပါတယ်။ (၁၉၄၃)ခုနှစ်မှ အစပြုဖောက်လုပ်ခဲ့သော ထိုလမ်းမကြီးမှာ(၁၉၄၅)ခုနှစ်တွင် အဆုံးသတ်ခဲ့လေသည်။ လီဒိုလမ်းမကြီး ဖောက်လုပ်ရာတွင် ချွေးတပ်သားအမြောက်အမြား သေကြေပျက်စီးခဲ့ကြရပေသည်။ အရှေ့တောင်ဘက်တွင် ယိုးဒယား မြန်မာလမ်းမကြီးဖောက်လုပ်ခဲ့ရာတွင် ချွေးတပ်သားပေါင်း (၈၀၀၀၀) ကျော်သေကြေပျက်စီးခဲ့ကြောင်း မှတ်တမ်းရှိသည်။(၁၉၄၇)ခုနှစ်၊ အောက်တိုဘာလ(၇)ရက် နေ့စွဲဖြင့်ထုတ်ပြန်ကြေငြာခဲ့သော လန်ဒန်မြို့ ဗြိတိသျှနိုင်ငံခြားရေးရုံးမှ ထုတ်ပြန် ကြေငြာချက်တွင် မြန်မာနိုင်ငံမှ ချွေးတပ်သားပေါင်း (၈၀၀၀၀)ကျော် သေကြေပျက်စီးခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း ခန့်မှန်းချက်သာဖြစ်သည်။၎င်းဖော်ပြချက်မှာ ယိုးဒယားနိုင်ငံဘက်၌ ယိုးဒယား၊မလေးရှား၊ အင်ဒိုနီးရှားနှင့် တရုတ်လူမျိုးတို့ သေကြေပျက်စီးမှု မပါဝင် ပေ။ ထို့ပြင် ဗြိတိသျှ စစ်သုံ့ပန်း၊သြစတြေးလျ စစ်သုံ့ပန်းနှင့် ဒတ်ခ်ျ စစ်သုံ့ပန်းတို့ မပါဝင်သေးပေ။ ၁၉၄၅ ဇန်နဝါရီ ၂၈ ရက်မှာ ပထမ ယာဉ်တန်းအနေနဲ့ ဝမ်တိန်မြို့ကို အောင်မြင်စွာသွားနိုင်ခဲ့ပါတယ်။ ၁၉၄၅ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ထောက်ပံ့ရေး ပစ္စည်းတန်ချိန် ၃၄ဝဝဝ ကို ဒီလမ်းမကြီးကိုအသုံးပြုပြီး ပို့ဆောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် လီဒိုလမ်းမကြီးကို ၁ဝလကြာအသုံးပြုပြီး တော့ သြဂုတ်လအတွင်းမှာ မြန်မာပြည်တွင်းရှိ ဂျပန်တပ်များ လက်နက်ချခဲ့ပြီး တစ်လအကြာမှာ လုံးဝတရားဝင်လက်နက်ချ အရှုံး ပေးခဲ့ပါတယ်။
အဲဒီလီဒိုလမ်းမကြီးဟာ တစ်ထောင်ဆစ်ချိုးအကွေ့ပေါင်း နှစ်ဆယ့်တစ်ကွေ့ ၊ပေတစ်သောင်းကျော်နက်တဲ့
ချောက်ကမ်းပါးတွေနဲ့ တောင်အသွယ်သွယ် ပေါ်မှာ ဖောက်လုပ်ထားခြင်းဖြစ်ပါသည်။
1 comments:
ကြားတော့ကြားဘူးတယ် အခုမှတကယ်ရှိမှန်းသိတာ...ဟီဟီ ကျေးဇူးပါကိုဖိုးသားလေး
Post a Comment
Comment ပေးချင်သော သူငယ်ချင်းများအောက် က Comment as မှာ (Anonymous)
ကိုရွေးပေးရမှာဖြစ်ပါတယ် " ပရိတ်သတ်ရဲ့ Comment တစ်ခုဟာ ပို့စ်အသစ်
တင်ဖို့အတွက်အားအင်တစ်ခုပါ".....ကျေးဇူးတင်လျှက် (အပြုံးတစ်ချက်)