VERB-ကြိယာ
Verb-ဆိုတာ ပြု၊ဖြစ်၊ရှိတာ ကြိယာပါ။မြန်မာလိုဆိုရင် ‘သည်’ နှင့် ဆုံးသည်။
Verb-မှာ နှစ်မျိုးရှိသည်။ Intransitive verb (object)ကံမလိုသည့်ကြိယာ နှင့် Transitive verb(object)
ကံလိုသည့် ကြိယာ ဆိုပြီ ခွဲခြားထားပါသည်။
Intransitive verb –object(ကံမလိုသည့်ကြိယာ)
(1)Mg Mg walks on the road.(object မပါပဲနှင့် ဝါကျသည် ပြည့်စုံပါသည်)
(2)Grils in the garden play under a tree.( object မပါပဲနှင့် ဝါကျသည် ပြည့်စုံပါသည်)
မှတ်ချက်။Dictionary ကြည့်သည့်အခါ မိမိ အသုံးပြုချင်သော Verb သည် (Intransitive verb သို့
Transitive verb )ဘယ်လိုသုံးရတယ်ဆိုတာ သိသွားပါမည်။
Transitive verb-object(ကံလိုသည့်ကြိယာ)
(1)She always wears a sweet smile on her face so everyone love her.(object ကံလိုသည့်
ကြိယာ ဖြစ်သည့်အတွက် ကံတစ်ခု ထဲ့ပေးလိုက်တဲ့အတွက် sentence ဟာ ပြည့်စုံသွားပါသည်။)
(2)Aung Aung learns Englsh language as it is his subject. (object ကံလိုသည့် ကြိယာ
ဖြစ်သည့်အတွက် ကံတစ်ခု ထဲ့ပေးလိုက်တဲ့အတွက် sentence ဟာ ပြည့်စုံသွားပါသည်။)
Verb ကိုအသုံးပြုရင်တော့(Indirect object နဲ့ Direct object)ကိုခွဲခွဲခြားခြား သိဖို့ လိုသလို
မှန်မှန်ကန်ကန် ရေးနိုင်ဖို့လည်း အရေးကြီးပါသည်။
Indirect object- (သက်ရှိ object)ကို ဆိုလိုပါသည်။
Direct object-(သက်မဲ့ object)ကို ဆိုလိုပါသည်။
အလွတ်ကျက်ထားရန်။
“I.O ရှေ့ဆို P(preposition)မလို၊I.O နောက်ရေး P(preposition)ထည့်ပေး” (to သို့ for -
ထည့်ပေးရသည်)
To -ကိုတော့ မိမိက ဘာလုပ်ပေးတယ်..တစ်ခုခုပေးတယ်ဆိုတာတွေမှာသုံးသည်။
For -ကိုတော့ လက်ဆောင်ပေးတယ်၊ဝယ်ပေးတယ် ဘယ်သူအတွက် အဲ့လို့တွေမှာ သုံးသည်။
(1)My father buys and gives me a car.(ဒီမှာဆိုရင်တော့ me-သည် I.O -သက်ရှိ Obj ဖြစ်သည်။
a car -သည် သက်မဲ့ Obj ဖြစ်သည်။ အပေါ်က ကဗျာလေးအတိုင်း I.O ကို ရှေ့မှာ ရေးလိုက်တဲ့အတွက်
Preposition(to/for)ရေးပေးစရာ မလိုပါ။)
(2)My father buys and gives a car for me.(ဒီမှာတော့ သက်မဲ့ a car ကို ရှေ့မှာ ရေးပြီ သက်ရှိ me
ကိုနောက်မှာ ရေးလိုက်သည့်အတွက် preposition (to/for )ကို ရေးပေးရသည်။
(3)U Ba writes and sents his son a letter.(အပေါ်မှာ ရှင်းပြထားသည့်အတိုင်းပင် ဖြစ်သည်)
(4)U Ba writes and sents a letter to his son.(to/for သုံးသည်ကို သတိပြုပါ)
Sentence တစ်ကြောင်းကို မှန်မှန်ကန်ကန် ရေးနိုင်ဖို့ meaning တွေကို သိရန်အတွက်
ကျက်ထားရန်။V1,V2,V3,Ving များကို ခွဲခွဲခြားခြားနှင့် မှန်မှန်ကန်ကန်ရေးနိုင်ဖို့အတွက် word form
များကိုလည်း ကျက်ထားရန် လိုအပ်ပါသည်။
HELPING VERB- အကူကြိယာ
Helping verb(or) auxiliary verb တွေကတော့ subject+H.v+main verb ကြားမှာ ထပ်ညုပ်ပြီ
သုံးပါသည်။သူတို့ကိုတော့ helping verbs လို့ ခေါ်ပါသည်။
V1 | V2 | V3 | v-ing | meaning | |
Verb to be | am,is(sub အနဲ) are(sub အများ) | was (sub အနဲ) were (sub များ) | been | being | ရှိသည်၊ဖြစ်သည်။ |
Verb to do | Do(sub အများ) Does(subအနည်း) | did | done | doing | ပြုလုပ်သည်။ |
Verb to have | has(sub နဲ) have(sub များ) | had | had | having | မှာရှိသည်၊စားသည်။ |
Model verb | can shell will may must ought to used to | could should would might must | နိုင်သည်။ လိမ့်မည်။ လိမ်မည်။ လုပ်ချင်လုပ်နိုင်သည်။ လုပ်ကိုလုပ်ရမှည်။ သင့်သည်။ လေ့ရှိခဲ့သည်။ |
Verb to be-ရှိသည်၊ဖြစ်သည်။
Am - ကိုတော့ I နဲ့ အမြဲတွဲ သုံးပါသည်။
Is- ကတော့ subject အနည်း မှာ သုံးပါသည်။
ဥပမှာ(1) I am
(2) He,She is -----
(2)They are-------
မှတ်ချက်။ Verb to be + adj နဲ့တွဲ သုံးလျှင် -Verb - ဖြစ်သွားပါသည်။
e.g(1)Mya mya is beautiful.မြမြသည် လှပသည်။
verb to do နောက်တွင် V-1လိုက်သည်။
verb to have - မှာရှိသည်။
has,have ကိုတော့ မိမိမှာ မိမိပိုင်ဆိုင်တာကို ပြောချင်တဲ့အခါမှာ သုံးပါသည်။
e.g(1) U Mya has a car.ဦးမြမှာ ကားတစ်စီးရှိသည်။(subject အနည်းနဲ့ သုံးသည်)
e.g(2)They have cars. သူတို့မှာ ကားတွေ ရှိသည်။
မှတ်ချက်။ verb to have နောက်တွင် အမြဲ V-3 လိုက်သည်။
Verb to be -ကို ဖြုတ်ပြီး ရေးလို့ ရတဲ့ စာကြောင်းလေး ရှင်းပြပါ့မည်။
e.g(1)A book is on the table.
A book on the table လို့ ရေးလို့ ရပါသည်။ အဲ့တာလေးကို စာကြောင်း
လှလှလေးဖြစ်အောင်လည်း ရေးလို့ရပါတယ်။ Is လေးနဲ့ ဆက်ပြီး သုံးကြည့်ရအောင်
A book on the table is mine.(စားပွဲပေါ်မှာ ရှိတဲ့စာ အုပ်ဟာ ငါ့စာအုပ်ပါ)
Model verb
Model verb-တွေကိုတော့ future tense (အနာဂတ်)ကာလနဲ့ ရေးတဲ့ အချိန်မှာ သုံးသည်။
ဥပမာ-
e.g(1) I will visit to my village during summer holidays.
May - ကတော့ တောင်းပန်တာတို့မှာ.ပန်ကြာတာတို့မှာ သုံးသည်။
e.g(1)May I come in.
must - ကတော့ မိမိရည်ရွယ်ကို လုပ်ကိုလုပ်ရမယ် ကြုံးဝါး ပြောဆိုတဲ့ အခါမှာ သုံးသည်။
e.g(1) I must pass the last exam.
မှတ်ချက်။ model verb တွေရဲ့နောက်မှာ အမြဲ V-1 လိုက်သည်။
To- ရဲ့နောက်တွင်လဲ V-1 လိုက်သည်။
ဒီလို မှတ်ချက်လေးတွေ သိထားတော့လည်း ဆယ်တန်းလိုမျိုး cloze type ဖြေတဲ့အခါ
အသုံးဝင်ပါသည်။grammar ကျကျလေး သုံးပြီ ဖြေဆိုရတာ အနှစ်သာရလေးလဲ ရှိပါသည်။
1 comments:
ဗဟုသုတ တိုးသွားပါတယ် ကျေးဇူးတင်ပါတယ် နော် ကိုဇေယျာ
Post a Comment
Comment ပေးချင်သော သူငယ်ချင်းများအောက် က Comment as မှာ (Anonymous)
ကိုရွေးပေးရမှာဖြစ်ပါတယ် " ပရိတ်သတ်ရဲ့ Comment တစ်ခုဟာ ပို့စ်အသစ်
တင်ဖို့အတွက်အားအင်တစ်ခုပါ".....ကျေးဇူးတင်လျှက် (အပြုံးတစ်ချက်)