Thursday, August 16, 2012

'' သမိုင်းဝင် စတီးဝဲလ် (လီဒို) လမ်းမကြီး အကြောင်း "


သမိုင်းစာအုပ်တွေထဲမှာ ချန်လှပ်ထားခဲ့ရတဲ့ လီဒိုလမ်းမကြီး အကြောင်းကို လူငယ်မျိုးဆက်တွေကတော့ ကောင်းကောင်း မီကြမှာမဟုတ်ပါဘူး။ဒီလမ်းမကြီးဟာမြန်မာနိုင်ငံတောင်ပိုင်းကသေမင်းတမန်ရထား လမ်းလောက် နာမည်မကြီး ခဲ့ပေမယ့် ဒုတိယ ကမ္ဘာစစ်ကို ရွံရှာထိတ်လန့် စွာဖြတ်သန်းခဲ့တဲ့သူတွေကတော့ သေမင်းတမန် လမ်းမကြီးရယ်လို့သိကြပါတယ်။ သေမင်းတမန် ရထားလမ်းကတော့ ဂျပန်ဘုရင့်တပ်မတော်အနေနဲ့ မြန်မာနိုင် ငံမှာရောက်နေတဲ့ ဂျပန်တပ်တွေအတွက် စစ်လက်နက် ပစ္စည်းများ ထောက်ပံ့ ပို့ဆောင်ဖို့ ထိုင်းနဲ့ မြန်မာနိုင်ငံကိုမီးရထားဖြင့် ဆက်သွယ်ရန်ပြု လုပ်ထား သော စီမံကိန်းတစ်ခုဖြစ်ပါတယ်။

Universal Soldier 1 ( 1992)





သူငယ်ချင်းတွေအတွက် Action ကားကောင်းလေးတစ်ခု လက်တို့လိုက်ပီဗျာပေါ်တာကတော့ 

ကျွန်တော်တို့ငယ်ငယ်ကတည်းက ကားလေးပါ အောက်မှနမူနာလေးတင်ပေးထားပါတယ် 

ကောင်းမကောင်းတော့သူငယ်ချင်းတို့ပဲကြည့်ပီးဆုံးဖြတ်လိုက်တော့ဗျာ

ကြည့်ဖို့တင်ပေးထားတဲ့လင့်လေးတွေ အလုပ်မလုပ်တော့ရင် အောက်က Comment Box 

Wednesday, August 15, 2012

tango video call software



အသိတစ်ယောက် တင်ခိုင်းထားလို့ပါ.....ဘယ်လို သုံးလဲဆိုတာတော့ 

ဖုန်းရှိတဲ့သူတွေ သုံးကြည့်ပါဦး...ကျေးဇူးတင်ပါတယ်။

အောက်မှာ ဒေါင်းလိုက်ပါ

download here

IRREGULAR AND REGULAR VERBS များလေ့လာကျက်မှတ်ရအောင်။




irregular and regular verbs တွေကတော့ verb ရဲ့ ခွဲသွားတာ ဖြစ်ပါတယ်။ 

om shanti om

ဒီနေ့အတွက်တော့ မင်းသား ရှရွတ်ခန် ရဲ့ om shanti om ဆိုတဲ့ အချစ်ကားကောင်းကောင်းလေး တင်ပေးလိုက်ပါတယ်...။ 




ဆင်းရဲသားလေး Om ဟာ မင်းသားတစ်ယောက်ဖြစ်ဖို့အတွက် အမြဲတမ်း စိတ်ကူးယဉ်နေတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်...။ ဒါ့အပြင် သူဟာ ဘောလိဝုဒ်ရဲ့ စတားတစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး ရှန်တီကို ရူးရူးမူးမူး စွဲလမ်းနေပါသတဲ့..။ ရုပ်ရှင်ရိုက်ကူးရေးတွေမှာ လူကြမ်း၊ ဟာသ၊ ဖြတ်လျှောက် စတဲ့အခန်းလေးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း..မင်းသမီးအနားမှာ အရိပ်တစ်ကြည့်ကြည့်နဲ့ နေရင်း သံယောဇဉ်တွေ ပိုပိုဖြစ်လာတဲ့အချိန်မှာ... မင်းသမီးက သူမနဲ့ချစ်ကြိုးဝင်နေတဲ့ ဘောလိဝုဒ် မင်းသားတစ်ယောက်နဲ့ မှားယွင်းပြီး ကိုယ်ဝန်ရှိသွားခဲ့တယ်..။ ဒါပေမယ့် အဲ့ဒီ မင်းသားက မင်းသမီးကို လက်မထပ်နိုင်တဲ့အတွက် သူပိုင်တဲ့အိမ်ကြီးထဲမှာ မီးရှို့ပြီး သတ်ဖို့ ကြိုးစားခဲ့တယ်...။ အဲ့ဒီအချိန်မှာပဲ.. om ဟာ တိုက်တိုက်ဆိုင်ဆိုင် သူမပေးထားတဲ့ အရုပ်ကလေးကို လာပြန်ပေးဖို့ လာတဲ့အချိန် မင်းသမီးလေး ရှန်တီကို မီးလောင်နေတဲ့အိမ်ကြီးထဲမှာ မြင်လိုက်ရတယ်..။ ကံမကောင်းစွာပဲ သူတို့နှစ်ယောက်လုံးဟာ အဲ့ဒီအိမ်ကြီးထဲကနေ ထွက်မပြေးနိုင်ခဲ့ဘူး.....။ ရှန်တီက အိမ်ကြီးထဲမှာပဲ သေဆုံးခဲ့ရပြီး... om ကတော့ ဆေးရုံမှာ သေဆုံးခဲ့တယ်..။ဒါပေမယ့် နောက်ဘ၀တစ်ခုမှာ 0m နောက်တစ်ခေါက် လူပြန်ဖြစ်ခဲ့ရတယ်..။ ချမ်းသာတဲ့ မိသားစုတစ်ခုမှာပေါ့..။အရင်ဘ၀က ဗီဇ အတိုင်း မင်းသားဖြစ်ချင်ခဲ့တော့ ဒီလိုနဲ့ နောက် အနှစ် ၂၀ နီးပါးကြာတဲ့အခါ om ဟာ စူပါစတား တစ်ယောက်ဖြစ်လာခဲ့တယ်...။ ဟိုးအရင်ဘ၀ကိုတော့ သူအကယ်ဒမီ ရတဲ့နေ့ရောက်မှ ပြန်သတိရခဲ့တယ်..။ အဲ့ဒါနဲ့ သူနဲ့ သူ့ရဲ့ ရှန်တီကို သတ်ခဲ့တဲ့ မင်းသားကြီးကို လက်စားချေဖို့ သူဆုံးဖြတ်လိုက်တယ်..။ အရင်ဘ၀က သူ့ရဲ့ အမေနဲ့ သူငယ်ချင်းကို သွားရှာပြီး အကူအညီတောင်းတယ်..။ သူ့ရဲ့ အကြံအစည်က အရင်မီးလောင်ထားတဲ့အိမ်ကြီးမှာ သူတို့ဖြစ်ခဲ့တာတွေကို ဇာတ်ကားလေးပြန်ရိုက်ပြဖို့..။ သူတို့ကို သတ်ခဲ့တဲ့ မင်းသားကြီးကို ဒီကားမှာ မပါ ပါလာအောင် အမျိုးမျိုး သွေးဆောင်ဖြားယောင်းပြီး အပါ ခေါ်ခဲ့တယ်..။တိုက်တိုက်ဆိုင်ဆိုင် မင်းသမီးရွေးတဲ့အချိန်မှာ ရှန်တီနဲ့ ရုပ်ချင်းအရမ်းတူတဲ့ ကောင်မလေးတစ်ယောက်ကို သွားတွေ့တယ်...။ သူမလေးက ရှပ်ပြာပြာနဲ့ သရုပ်မဆောင်တက်ပေမယ့် မင်းသားရဲ့ အဖြစ်အပျက်တွေကို ကြားသွားတဲ့အခါမှာ သနားပြီး တက်နိုင်သလောက်လုပ်ပေးခဲ့တယ်..။ ဒီလိုနဲ့.....ဇာတ်ကားကြီး စရိုက်ကူးတဲ့အချိန်မှာ..............................................................


ပရီဗျူးရေးတာ နည်းနည်းများ ရှည်သွားလား မသိဘူး.....။ ကုလားကား ဆိုတော်တော်များများက မကြိုက်ကြပေမယ့်.. ဒီဇာတ်လမ်းလေးကတော့ အကိုတစ်ယောက် ညွှန်းတာနဲ့ သေချာထိုင်ကြည့်ဖြစ်တယ်..။ ထုံးစံအတိုင်း အကတွေ ဝေေ၀ဆာဆာနဲ့ ထူးခြားဆန်းပြားတဲ့ ဘောလိဝုဒ် အပြင်အဆင်နဲ့... တစ်ကယ်ကို ပီပြင်အောင် ရိုက်ကူးထားတဲ့ om shanti om ဆိုတဲ့ကားလေးကို အချိန်ရှိတယ်ဆိုရင် ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦး........။

Youtube ရဲ့ လင့်တွေက



ရှားရှားပါးပါး နောက်တစ်လင့်က


ကဲ ဘ၀အမောတွေပြေပျောက်ပြီး ပျော်ရွှင်နိုင်ကြပါစေ...။

ကိုလူမောင်..

နောက်သာရယ်..အသည်မဟုတ်ဘူး...:P




ကျွန်တော်တို့ အထက်တန်းကျောင်းသားဘ၀က အလွန်ဆိုးခဲ့သည်။ ကျွန်တော့်သူငယ်ချင်းများလည်း
အလွန် အနောက်အပြောင်သန်ကြသည်။ ကျောင်းက ကျောင်းငယ်၊ ဆရာများ လုံလုံလောက်လောက် မရှိသေး။

ကျောင်းဖွင့်စတစ်ရက် အတန်းထဲသို့ မြန်မာစာသင်ရန် ဆရာမအပျိုကြီး ၀င်လာသည်။ အပျိုကြီးပီပီ
ဆံပင်လေး သပ်ကာသပ်ကာဖြင့် လှလှပပ ကြွကြွရွရွလေး သင်လေသည်။
“ကဲ.. ဒီနေ့ စသင်မယ့် သင်ခန်းစာကတော့ မြန်မာအက္ခရာတွေ အဆင့်ဆင့် ပြောင်းလဲလာပုံအကြောင်းပဲ
ဖြစ်တယ်။ အဲဒီထဲကမှ ဆလိမ်ပြောင်းလဲပုံအကြောင်းကို အရင်ဆုံး ပြောမယ်နော်။ ဆလိမ်
ဘယ်လို ပြောင်းလဲသလဲ သိလား''

“သိပါတယ်ဆရာမ”

နောက်ဆုံးတန်းမှ ကျောင်းသားတစ်ယောက်က ထဖြေသည်။
“အလဲ့.. တယ်ဟုတ်ပါ့လား။ ပြောပါဦး.. ဆလိမ် ဘယ်လို ပြောင်းလဲသလဲ”

“စိန်လှ ပါ ဆရာမ”

ရယ်သံများက တဝေါဝေါ ထွက်လာသည်။ ဆရာမခမျာ ခေတ္တမျှ ကြောင်နေသေးသည်။ ပြီးတော့မှ
"သြော်.. ဆရာမက အကောင်းပြောနေတယ် အောက်မေ့လို့။ မင်းတို့က နောက်နေကြတာပဲ။ ပျော်တတ်တာကို
မပြောလိုပေမယ့် ဒီလို နောက်တတ်တာက နောင်ဆို ပြင်ရခက်မယ်။ ဗီဇပါသွားမယ်။ ဗီဇဆိုတာသိလား"
ဆရာမက သူ့အကျင့်အတိုင်း ပြောရင်း ပြန်မေးခွန်းထုတ်လိုက်သည်။ ထိုကျောင်းသားကပင် ထ၍

"သိပါတယ်။ ဘစီပါ ဆရာမ.."

"အင်.."
ဆရာမ ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။ ကျောင်းသူကျောင်းသားများ ရယ်၍ မဆုံးတော့။
ဆရာမမှာ ဒေါသထွက်ပြီး အခန်းထဲမှ ထွက်သွားတော့သည်။

ပြောလေ ဆိုးလေ

မကြာမီ ကျောင်းအုပ်ဆရာကြီးနှင့်အတူ ဆရာမ ပြန်ရောက်လာသည်။ ဆရာကြီးမှာ
အလွန် ဒေါသထွက်နေပုံရ၏ ။

“ဟေ့ကောင်တွေ.. မင်းတို့ မိုက်ရိုင်းလှချည်လား။ ဆရာမကို စော်ကားလွှတ်လိုက်တယ်ဆိုကွ''
ဆရာကြီးစကားကြောင့် ဆရာမအပျိုကြီး မျက်နှာရဲသွားသလို ကျောင်းသူများလည်း ပြုံးစေ့စေ့
ဖြစ်ကုန်ကြသည်။
“အင်.. ဆရာကြီးကလည်း..”
“အဲ.. အေး အေး၊ ဆောရီးဆရာမ။ မင်းတို့ ဒီလိုလုပ်တာ ကောင်းသလား။ ကိုယ့်ကျောင်းကို စေတနာနဲ့
လာသင်ပြပေးရတဲ့ ဆရာမကို နောက်လွှတ်တယ် ဆိုတော့ မင်းတို့က ဘာကောင်တွေလဲ။ ခွေးတွေလား။
မင်းတို့တက်နေတဲ့ ကျောင်းကြီးက ခွေးကျောင်းကြီးလားကွ ဟေ။ မင်းတို့ကို ဘယ်သူတွေက
အဲလို သင်ထားလဲ”

ဆရာကြီးမှာ ဒေါသဖြင့် ပြောနေရာ တစ်တန်းလုံး ငြိမ်သက်နေကြသည်။ ထိုစဉ် နောက်တန်းမှ
အသံတစ်သံက မကြားတကြား ထွက်လာသည်။

“အဲဒီကျောင်းက ဆရာတွေပါပဲခင်ဗျာ”

တခွိခွိ ရယ်သံများက သိသိသာသာ ဖြစ်သွားသည်။ ဆရာကြီးလည်း သူ့စကားနှင့်သူ ပိတ်မိနေ၏ ။

“တိတ်စမ်း...၊ ဘယ်ကောင်လဲကွ ပြန်ပြောတာ”

မျက်မှန်နှင့် ဖြူနွဲ့နွဲ့ကျောင်းသားတစ်ယောက် ထလာပြီး ပြောသည်။

“ကျွန်တော်လည်း မသိပါဘူး ဆရာကြီး”

“မင်းက မသိတာကို ဘာလျှာထရှည်နေတာတုန်း”

“ဆရာကြီးပဲ တိတ်စမ်း ဆို.. ခေါ်လိုက်ပြီးတော့..”

“ဟေ..”

ဆရာမကိုယ်တိုင် ရယ်နေပြီဖြစ်သည်။ ဆရာကြီးလည်း ပြုံးရမလို မဲ့ရမလို ဖြစ်နေသည်။

“ဘာတွေလဲကွ။ နောက်နေကြတာလား မင်းတို့က”

ဘယ်သူမှ ပြန်မဖြေကြ။ တစ်တန်းလုံးတော့ ပြုံးစေ့စေ့မျက်နှာပိုးများကို သတ်ထားရသည်။

“ကဲ.. အဲဒီ စိန်လှ ဆိုတဲ့ကောင်နဲ့ ဘစီ ဆိုတဲ့ကောင် ထွက်ခဲ့ကြစမ်း”

ကျောင်းသားများ ရယ်ကြပြန်သည်။ ဘာကြောင့်ရယ်ကြပါလိမ့်ဟု ဆရာကြီး ဝေခွဲရပုံမပေါ်။
ဆရာမလည်း ဘာပြောရမှန်းမသိ ဖြစ်နေသည်။

“ဘယ်မလဲ စိန်လှ။ ဟိုကောင် ဘစီ ထစမ်း”

“ဒီအတန်းထဲမှာ စိန်လှလည်း မရှိ၊ ဘစီ ဆိုတာလည်း မရှိပါဘူး ဆရာကြီး။ Roll Call စာအုပ်မှာ ကြည့်ကြည့်ပါ”

ထိုအခါ ဆရာမမှာ မနေသာတော့၊ ၀င်ရှင်းပေးရတော့သည်။

“မဟုတ်ဘူး ဆရာကြီး။ ကျွန်မက စိန်လှလို့ ပြောရင် သူတို့က ဆလိမ်လို့ ပြောတာ။ ကျွန်မက ဘစီ ဆို
သူတို့က ဗီဇ တဲ့”
ကျောင်းသားများ တ၀ါးဝါး ရယ်ကြတော့သည်။ ဆရာမမှာ ပြောချင်ဇောကြီး၍ ရှေ့နောက်
ပြောင်းပြန်ဖြစ်သွားသည်ကို မသိလိုက်။ ဆရာကြီးက ဆရာမဘက် မျက်မှောင်ကျုံ့လျက်

“နေပါဦး..၊ နင်ကစာသင်တာလား၊ သူတို့ကို ရယ်စရာပြောပြနေတာလား”

“အင်.. ဆရာကြီးကလည်း”

ရယ်သံများက ပတ်တုတ်မရတော့။ ကျောင်းသူများမှာ မျက်မှာများ နီရဲနေအောင် ရယ်ကြသည်။
ကျောင်းသားများကတော့ အူနှိပ်နေကြလေပြီ။

“တော်ကြရှန်း။ အဲဒီ နောက်တဲ့ကောင် ထစမ်း”

ဆရာကြီးမှာ ဒေါသကြောင့် စကားများပင် မပီတော့။ တံတွေးတွေ စင်ထွက်ကုန်အောင် အော်လိုက်၏ ။
နောက်မိသော ကျောင်းသားက မျက်နှာငယ်လေးနှင့် ထ၍
“ဆ..ဆ ဆရာကြီး၊ ဒေါသရှေ့ထားရင် မှားတတ်ပါတယ် တဲ့။ ပြီးတော့ ဟို.. သည်းခံခြင်းသည် အောင်မြင်ခြင်းလို့
ဘုရားကလည်း ဟော.. ဟောထားပါတယ်”
“အေး အေး.. လာခဲ့။ အဲဒီကောင် လာခဲ့။ အဲလောက်တတ်နေရင် ငါနဲ့ ဟိုဘက် ခဏလိုက်ခဲ့။ မင်း သိတာတွေ
သိပ်များနေပြီ”
ဟု ဆိုကာ ထိုကျောင်းသားကို နားရွက်ကဆွဲလျက် ကြိမ်လုံးကြီး တစ်ဘက်ဖြင့် ကျွန်တော်တို့
ကင်ပေတိုင်စခန်းဟုခေါ်သော ကျောင်းအုပ်ကြီးရုံးခန်းသို့ နာဇီစစ် စစ်ရန်အလို့ငှာခေါ်ဆောင်သွားလေတော့သည်။ ခိုင်လုံသော သတင်းရင်းမြစ်များအဆိုအရ ဆရာကြီးက ထိုကျောင်းသားအားကျောတစ်ရာရင်တစ်ရာခတ်၍ မြိုင်ရပ်သို့ တစ်ပတ်နှင်လိုက်သော ဟူပါသည်။


ဘ၀အမောများပြေပျောက်နိုင်ကြပါစေ...

ကိုလူမောင်

ဘောလုံးပွဲ ကြိုက်သူအတွက်သီချင်းလေး :)





 အပျင်းပြေလေးပေါ့ဗျာ ဘောလုံးပွဲကြိုက်တဲ့လူတွေအတွက် မြန်မာသီချင်းဟာသလေးပါ.....။


အဆင်ပြေကြပါစေ အချစ်မြို့တော်ဝန်

"မမျှတခြင်းများ"




"မမျှတခြင်းများ"

သူဟာ...ကျွန်မရဲ့ ကောင်းကင်ကြီးဖြစ်ချင်ဖြစ်လိမ့်မယ်

ဒါပေမယ့်...ကျွန်မကတော့သူ့ရဲ့တိမ်မျှင်တစ်စတောင်ဖြစ်ခွင့်မရပါဘူး

သူဟာ....ကျွန်မရဲ့ပစ္စုပ္ပန်နဲ့အနာ့ဂတ်ကိုပိုင်ဆိုင်ချင်ပိုင်နေလိမ့်မယ်

ဒါပေမယ့်...ကျွန်မကတော့သူ့ရဲ့အတိတ်မှာတောင်   ရှိမနေခဲ့ပါဘူး

သူဟာ....ကျွန်မရဲ့မရှိမဖြစ်တဲ့အရာတစ်ခု ဖြစ်ချင်ဖြစ်လိမ့်မယ်

ဒါပေမယ့် ....ကျွန်မကတော့သူ့ရဲ့ရှိနေတဲ့အရာတွေထဲက မလိုအပ်ဆုံးအရာပါပဲ

သူဟာ...ကျွန်မရဲ့ဦးနှောက်ကိုတောင်လွှမ်းမိုးနိုင်စွမ်းရှိချင်ရှိလိမ့်မယ်

Tuesday, August 14, 2012

House of Flying Daggers



ကျွန်တော် အရမ်းနှစ်သက်တဲ့ဇာတ်ကားကောင်း လေးပါ ပေါ်တာကတော့ ၂၀၀၄ကတည်းကပေါ့   ဒါပေမဲ့ဘယ်တော့ကြည့်ကြည့်မရိုးတဲ့ဇာတ်လမ်းကောင်းတခုမို့ ညွှန်းလိုက်ပါရစေ အောက်မှာ   ကျွန်တော်အင်္ဂလိပ်စာတန်းထိုးနဲ့ကြည့်ချင်တဲ့သူတွေအတွက်အပိုင်းလိုက်တွေလင့်ချိတ်ပေးထားပါ   တယ် ဇာတ်ကားတခုလုံးကြည့်ချင်ရင်တဲ့သူတွေကိုလဲ တင်ပေးထားတယ်

verb and helping verbs


                                                           


                                                            VERB-ကြိယာ



Verb-ဆိုတာ ပြု၊ဖြစ်၊ရှိတာ ကြိယာပါ။မြန်မာလိုဆိုရင် ‘သည်’ နှင့် ဆုံးသည်။

Blue screen error





ကျွန်တော့် ရဲ့သူငယ်ချင်းတွေအတွက်  ကွန်ပျူတာ သုံးနေတုန်းမှာ Blue screen error တက်ပီး

ကွန်ပျူတာ ထိုးရပ်သွားတဲ့ အခါ ကိုယ့်ရဲ့ ကွန်ပျူတာ ဘယ်  အစိတ်ပိုင်း ( complement)

 error တက်လို့ ဖြစ်ရတယ်ဆိုတာကို အောက်က code လေးတွေကြည့်ပီး သိနိုင်အောင်

ဖော်ပြပေးလိုက်ပါတယ် ..

PRONOUN အကြောင်းလေး လေ့လာကြရအောင်။







                                        
                                                  PRONOUN- နာမ်စား


နာမ်၏ အစားသုံးသော ပုဒ်ကို Pronoun (pr) နာမ်စားလို့ ခေါ်ပါသည်။

Monday, August 13, 2012

မိမိကွန်ပျူတာကို tablet တစ်လုံးလို smart phone တစ်လုံးလို သုံးကြည့်ရအောင်...



ဒီနေ့ ဆော့ဝဲလ်လေးတစ်ခုနဲ့ မိတ်ဆက်ချင်ပါတယ်...... ဒီဆော့ဝဲလ်လေးက မိမိကွန်ပျူတာကို android application တွေ ထည့်သွင်းအသုံးပြုစေနိုင်ပါတယ်...။ Tablet တစ်လုံးလို smart ဖုန်းတစ်လုံးလို .apk ဖိုင်တွေကို ဒီဆော့ဝဲလ်လေးနဲ့ရှာပြီး ကွန်ပျုတာမှာ အင်စတောလုပ်ပေးနိုင်ပါတယ်.....။ ဥပမာ ကျွန်တော့်ဖုန်းဆို java အမျိုးအစားဖြစ်တဲ့အတွက် viber သွင်းလို့ မရပါဘူး..။ ဒါပေမယ့် အခု ဒီဆော့ဝဲလ်လေးသုံးပီး...ကွန်ပျူတာမှာ viber သုံးလို့ ရနေပါပီ...။ ဖုန်းတွေမှာသုံးတဲ့ မိုဘိုင်းမားကတ်လို ပုံစံမျိုးဖြစ်ပါတယ်...။  သူက beta version အဖြစ်နဲ့ လွှင့်ပေးထားတာဖြစ်ပြီး အခုထိတော့ ဖရီးသုံးလို့ ရနေပါသေးတယ်...။ စကားပြောတဲ့ talking tom တို့ အစရှိတဲ့ app တွေ ကွန်ပျူတာပေါ်မှာ ဖုန်းတစ်လုံးနဲ့ ထပ်တူညီစွာ အသုံးပြုနိုင်ပါတယ်...။
1. download.
2.install
3.find application
4.install
5.enjoy!!!!!




http://bluestacks.com/

ပျော်ရွှင်ပါစေ...။

ကိုလူမောင်

MAXTHON FIREFOX SOFTWARE

firefox , google chrom ထက် အလုပ်လုပ်တာ (10)ဆသာပါတယ်။ 

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hosted Desktop